The network connection is lost.

Banner Image

နော့ဂျယ်လန်းအသင်းကွင်းလယ်ကစားသမားယီရန်ကီကို အပြိုင်စောင့်ကြည့်နေတဲ့ ပရီးမီးယားလိဂ်ကလပ်အသင်းများ

နော့ဂျယ်လန်းအသင်းကွင်းလယ်ကစားသမားယီရန်ကီကို ပရီးမီးယားလိဂ်ထိပ်တန်းကလပ်အသင်းတွေ အတော်လေးစိတ်ဝင်စားနေကြပါတယ်။

ဒီဂါနာလက်ရွေးစင်ကစားသမားက တော့တင်ဟမ်ကွင်းလယ်လူကူဒက်ထွက်ပေါ်ခဲ့တဲ့ ဒေသတွင်းအကယ်ဒမီမှတဆင့် ထွက်ပေါ်လာသူဖြစ်ပြီး လက်ရှိဒိန်းမတ်မြေမှာပြသနေတဲ့ သူ့ရဲ့ခြေစွမ်းကြောင့် အင်္ဂလန်ကလပ်အသင်းအတော်များများရဲ့ပစ်မှတ်စာရင်းဆီ ရောက်ရှိလာပါတယ်။

အာဆင်နယ်နဲ့ ဘုန်းမောက်အသင်းတို့ဆိုရင် မကြာသေးမီကာလအတွင်း ကစားခဲ့တဲ့ပွဲစဉ်တွေမှာ ယီရန်ကီရဲ့ခြေစွမ်းကို စောင့်ကြည့်ဖို့ ကင်းထောက်တွေ စေလွှတ်ခဲ့ကြသလို ကစားသမားရဲ့ခြေစွမ်းကိုလည်း အထူးသဘောကျသွားခဲ့ကြပါတယ်။

The Sun သတင်းစာရဲ့ဖော်ပြချက်အရ ဘရိုက်တန်အသင်းကလည်း ယီရန်ကီရဲ့စွမ်းဆောင်ရည်ကို စိတ်ဝင်စားနေပြီး လာမယ့်နွေရာသီမှာ အသင်းမှ ထွက်ခွာချင်နေတဲ့ ကွင်းလယ်လူဘလီဘာရဲ့နေရာကို အစားထိုးနိုင်မယ့်သူအဖြစ် ပစ်မှတ်ထားနေပါတယ်။

အသက် ၂၀ အရွယ်ကစားသမားရဲ့ နော့ဂျယ်လန်းအသင်းနဲ့ စာချုပ်သက်တမ်းက ၂၀၃၀ ပြည့်နှစ်အထိ ရှိနေပါတယ်။