အူဒိုဂီဟာ ယူနိုက်တက်အတွက် အကောင်းဆုံးအားဖြည့်မှု ဖြစ်လာနိုင်တယ်လို့ဆိုတဲ့ မာတာရက်ဇီ
အင်တာမီလန်အသင်းရဲ့ ဂန္ထဝင်ကစားသမား မာတာရက်ဇီက တော့တင်ဟမ်အသင်းရဲ့ နောက်ခံလူ အူဒိုဂီအနေနဲ့ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့သွားနိုင်တယ်လို့ ထင်မြင်နေပါတယ်။
အီတလီလက်ရွေးစင် အူဒိုဂီဟာ စီးရီးအေကို ပြန်လာဖို့ သတင်းတွေ ထွက်ပေါ်နေပြီး ဂျူဗင်တပ်စ်အသင်းကလည်း သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။
ဒါပေမဲ့ မာတာရက်ဇီကတော့ အူဒိုဂီဟာ ယူနိုက်တက်ကို ပြောင်းရွှေ့ပြီး လူ့ခ်ရှောရဲ့နေရာမှာ အစားထိုးဝင်ရောက်နိုင်သူလို့ မြင်နေပါတယ်။
"အူဒိုဂီက မန်ချက်စတာယူနိုက်တက်မှာ လူ့ခ်ရှောရဲ့နေရာကို အစားထိုးဖို့ သင့်တော်တဲ့ ကစားသမားလားဆိုရင်တော့ ကျွန်တော်ကတော့ ဟုတ်ပါတယ်လို့ပဲ ထင်ပါတယ်" လို့ သူက Hajper ကို ပြောကြားခဲ့ပါတယ်။
တစ်ဖက်မှာလည်း မာတာရက်ဇီက အီတလီကြယ်ပွင့် ဆန်ဒရိုတိုနာလီကို နယူးကာဆယ်အသင်းမှာပဲ ဆက်နေဖို့ တိုက်တွန်းနေပါတယ်။
သူက ဆက်လက်ပြီး "ဆန်ဒရိုတိုနာလီက အီတလီ ဒါမှမဟုတ် အင်္ဂလန်က ဘယ်အသင်းမှာမဆို ကစားနိုင်စွမ်း ရှိပါတယ်။ ဒါပေမဲ့ နယူးကာဆယ်အသင်းက သူ့အပေါ် ယုံကြည်မှု ပေးထားခဲ့တာကြောင့် သူ အသင်းမှာ ဆက်နေမှာလားဆိုတာကိုပဲ ဆုံးဖြတ်ဖို့ လိုပါတယ်။"
"မြို့ခံတွေ၊ ပရိသတ်တွေနဲ့ ကလပ်အသင်းက သူ့နောက်မှာ အမြဲရှိနေခဲ့တာပါ။ သူဟာ အာဆင်နယ်၊ လီဗာပူး ဒါမှမဟုတ် ယူနိုက်တက်မှာ ကစားနိုင်ဖို့တင် မဟုတ်ဘဲ ဒီအချက်ကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။ သူ နယူးကာဆယ်မှာပဲ ဆက်နေပြီး သူ့ရဲ့ အောင်မြင်မှုတွေကို ဆက်လက်တည်ဆောက်သွားမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်" လို့ ဆိုပါတယ်။