The network connection is lost.

Banner Image

ဝုဒ်ဂိတ်နဲ့ အီဗန်တို့ရဲ့ သင်ကြားပြသမှုတွေကို သဘောကျတယ်လို့ ဝန်ခံလာတဲ့ ယူနိုက်တက်နောက်ခံလူ ဟဲဗန်း

မန်ချက်စတာယူနိုက်တက် နောက်ခံလူ အေဒင်ဟဲဗန်းက မန်နေဂျာ မိုက်ကယ်ကားရစ်ရဲ့ ခံစစ်နည်းပြတွေနဲ့အတူ တွဲဖက်အလုပ်လုပ်ရတာကို ပျော်ရွှင်မိတယ်လို့ ပြောကြားလိုက်ပါတယ်။ ယူနိုက်တက်အသင်းဖော်ဟောင်း ဂျွန်နီအီဗန်နဲ့ ဂျိုနသန်ဝုဒ်ဂိတ်တို့ နှစ်ဦးစလုံးဟာ ဇန်နဝါရီလမှာ ကားရစ်ကို နည်းပြအဖြစ် ခန့်အပ်ခဲ့ပြီးနောက်ပိုင်း ယူနိုက်တက်ရဲ့ နည်းပြအဖွဲ့ထဲကို ပါဝင်လာခဲ့ကြတာပါ။

ဟဲဗန်းက manutd.com ကို ပြောကြားရာမှာ "ကျွန်တော်နဲ့ လီနီ (ယိုရို) တို့က ဂျိုနသန်ဝုဒ်ဂိတ်၊ ဂျွန်နီအီဗန်တို့နဲ့အတူ အမြဲတမ်း အပိုလေ့ကျင့်ခန်းတွေ လုပ်လေ့ရှိပါတယ်။ သူတို့ဆီကနေ အမြဲတမ်း သင်ယူနေသလို အချင်းချင်းလည်း အများကြီး ကူညီပေးဖြစ်ကြပါတယ်" လို့ ဆိုပါတယ်။

"ကျွန်တော်တို့က အရမ်းငယ်သေးတဲ့အတွက် သင်ယူစရာတွေ အများကြီး ရှိပါသေးတယ်။ သူတို့က ကျွန်တော်တို့ကို ကူညီပေးကြပြီး ကျွန်တော်တို့ကလည်း အမြဲတမ်း တိုးတက်အောင် ကြိုးစားနေပါတယ်" လို့လည်း ပြောပါတယ်။

သူက ဆက်လက်ပြီး "ဂျွန်နီက သူကစားသမားဖြစ်ခဲ့တဲ့ ပြီးခဲ့တဲ့ရာသီမှာ ကျွန်တော့်ကို အများကြီး ကူညီပေးခဲ့တာပါ။ ဒီလိုမျိုး စီနီယာကစားသမားတွေ ရှိနေတာက အမြဲတမ်း ကောင်းမွန်ပါတယ်။ အခု သူက နည်းပြတစ်ယောက် ဖြစ်နေပြီဆိုတော့ အရင်က ရှိခဲ့တဲ့ ရင်းနှီးမှုက အခုချိန်မှာ အရမ်းအဆင်ပြေပါတယ်။ ကျွန်တော်နဲ့ ဂျွန်နီက အချိတ်အဆက် ကောင်းကောင်းရှိပါတယ်" လို့ ပြောကြားခဲ့ပါတယ်။