ဘာစီလိုနာ နောက်ခံလူ ဘယ်လ်ဒီကို ခေါ်ယူဖို့ ယူနိုက်တက်နဲ့ မန်စီးတီးတို့ အပြိုင်ကြိုးပမ်းနေ
ပရီးမီးယားလိဂ်ကလပ်တွေဟာ ဘာစီလိုနာအသင်းရဲ့ တောင်ပံနောက်ခံလူ အလက်ဇန်ဒရို ဘယ်လ်ဒီနဲ့ စကားပြောဆိုခွင့်ရဖို့အတွက် တန်းစီစောင့်ဆိုင်းနေကြပါတယ်။ စပိန်လက်ရွေးစင်ကစားသမားကို ရောင်းထုတ်ဖို့ အစောတလျင် မကြိုးစားသေးပေမဲ့ သင့်တော်တဲ့ ဈေးနှုန်းတစ်ခုရရင်တော့ ဘာစီလိုနာအသင်းဟာ ဒီနွေရာသီမှာ ဘာဒီကို လက်လွှတ်ဖို့ ပြင်ဆင်ထားပါတယ်။
မွန်ဒိုဒီပို့တီဗို (Mundo Deportivo) သတင်းစာရဲ့ ဖော်ပြချက်အရ လက်ရှိမှာ ပရီးမီးယားလိဂ်ကလပ်တွေဆီက စိတ်ဝင်စားမှုတွေ အများအပြား ရရှိနေတယ်လို့ သိရပါတယ်။ မန်ချက်စတာယူနိုက်တက်အပြင် မန်ချက်စတာစီးတီးနဲ့ အက်စတွန်ဗီလာအသင်းတို့ကလည်း ဘာဒီကို ခေါ်ယူဖို့ အတော်လေး စိတ်ဝင်စားနေကြတာပါ။
အဲဒီကလပ်သုံးသင်းစလုံးဟာ ဘာစီလိုနာအသင်းမှာရှိနေတဲ့ ကစားသမားရဲ့ အခြေအနေနဲ့ပတ်သက်ပြီး စုံစမ်းမေးမြန်းမှုတွေ လုပ်ဆောင်ထားပါတယ်။ ဒါပေမဲ့ အသက် ၂၂ နှစ်အရွယ် ကစားသမားကတော့ အခုရာသီကာလမှာ အသင်းပြောင်းရွှေ့ဖို့အတွက် ဘာမှမစဉ်းစားရသေးပါဘူး။ ဘာဒီနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၈ ခုနှစ်အထိ ရှိနေတာလည်း ဖြစ်ပါတယ်။