The network connection is lost.

Banner Image

ဒီဇာဘီကို ချက်ချင်းတာဝန်ပေးခန့်အပ်နိုင်ဖို့ မျှော်လင့်နေတဲ့ တော့တင်ဟမ်တာဝန်ရှိသူများ

တော့တင်ဟမ်အသင်းဘုတ်အဖွဲ့က နည်းပြသစ်အဖြစ် ရောဘတ်တိုဒီဇာဘီကို ရွေးချယ်ဖို့ ဆုံးဖြတ်လိုက်ပြီး အီတလီလူမျိုးနည်းပြကို အခုချက်ချင်းခန့်အပ်နိုင်ဖို့ မျှော်လင့်နေပါတယ်။

ယာယီနည်းပြအီဂေါတူဒေါကို ရာထူးမှထုတ်ပယ်လိုက်ပြီဆိုတဲ့ တနင်္ဂနွေနေ့ကြေညာချက်အပြီး တော့တင်ဟမ်က ဒီဇာဘီကို အသင်းမှာ ကာလရှည်တာဝန်ယူသွားဖို့ စည်းရုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့လ၊ မာဆေးလ်နဲ့လမ်းခွဲပြီးနောက် အသင်းလက်မဲ့ဖြစ်နေတဲ့ ဒီဇာဘီက အခုဘောလုံးရာသီကုန်အထိ အနားယူပြီးမှ ကမ်းလှမ်းမှုတွေကို စဉ်းစားဖို့ စီစဉ်ထားပါတယ်။

ဘီဘီစီသတင်းရဲ့ဖော်ပြချက်အရ တော့တင်ဟမ်က တန်းဆင်းဇုန်အန္တရာယ်ကြီးကြီးမားမားရင်ဆိုင်နေရလို့ ဒီဇာဘီကို အခုချက်ချင်း အသင်းဆီ ရောက်ရှိလာစေချင်တယ်လို့ သိရပါတယ်။

တော့တင်ဟမ်အသင်းက တူဒေါကို ရာထူးမှမထုတ်ပယ်ခင် ဒီဇာဘီဆီ ဆက်သွယ်ပြီး စိတ်ဝင်စားမှု ရှိ၊ မရှိ ကြိုတင်စုံစမ်းခဲ့ပါသေးတယ်။

ဒါပေမဲ့ တော့တင်ဟမ်ကို ဘရိုက်တန်နည်းပြဟောင်း အခုချက်ချင်းတာဝန်ယူဖို့ ရှိ၊ မရှိဆိုတာတော့ ဆက်လက်စောင့်ကြည့်ရပါဦးမယ်။