The network connection is lost.

Banner Image

အန်ဒါဆန်ကို အဓိကပစ်မှတ်အဖြစ်သတ်မှတ်ထားတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ထိပ်တန်းတာဝန်ရှိသူတွေဟာ နော်တင်ဟမ်ဖောရက်စ်အသင်းရဲ့ ခြေစွမ်းပြကစားသမား အီလီယော့အန်ဒါဆန်ကို လာမယ့်နွေရာသီဈေးကွက်အတွက် သူတို့ရဲ့ အဓိကပစ်မှတ်အဖြစ် သတ်မှတ်လိုက်ကြပါတယ်။ ဒီဂေါ်ဒီ (Geordie) လေးကို မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းကလည်း လိုချင်နေတာဖြစ်ပေမဲ့ မန်ယူအသင်းကတော့ ပြိုင်ဘက်ကို အသာစီးရပြီး အန်ဒါဆန်ကို အရခေါ်ယူနိုင်ဖို့အတွက် ပိုမိုအားထုတ်ကြိုးပမ်းသွားဖို့ အသင့်ရှိနေတယ်လို့ The Sun သတင်းစာက ဖော်ပြထားပါတယ်။ အန်ဒါဆန်ဟာ ဖောရက်စ်အသင်းနဲ့ ၂၀၂၉ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပေမဲ့ ဒီနွေရာသီမှာတော့ သူအသင်းကနေ ပြောင်းရွှေ့ရတော့မယ်ဆိုတာကို နော်တင်ဟမ်ဖောရက်စ်အသင်းဘက်ကလည်း လက်ခံထားပြီးသားဖြစ်ပါတယ်။

စိတ်ဝင်စားစရာကောင်းတဲ့ အချက်တစ်ခုကတော့ အန်ဒါဆန်ဟာ စာချုပ်သစ်ချုပ်ဆိုဖို့ ပြင်ဆင်နေတဲ့ မန်ယူကွင်းလယ်လူ ကိုဘီမိနူးနဲ့ အေးဂျင့်တစ်ခုတည်းဖြစ်တဲ့ Stellar အေဂျင်စီကိုပဲ အတူတူ အသုံးပြုထားတာဖြစ်ပါတယ်။

မန်ယူစီမံခန့်ခွဲရေးအဖွဲ့ဟာ လာမယ့်နွေရာသီမှာ ကွင်းလယ်လူနှစ်ဦးအထိ ခေါ်ယူဖို့ အစီအစဉ်ရှိနေတာပါ။ ဒီရာသီမှာ မန်ယူအသင်းက စောင့်ကြည့်နေတဲ့ ပရီးမီးယားလိဂ်ကွင်းလယ်လူတွေထဲမှာ အန်ဒါဆန်အပြင် အဒမ်ဝါတန် (ခရစ္စတယ်ပဲလေ့စ်)၊ ဆန်ဒရိုတိုနာလီ (နယူးကာဆယ်)၊ ကားလို့စ်ဘလီဘာ (ဘရိုက်တန်) နဲ့ အဲလက်စ်စကော့ (ဘုန်းမောက်) တို့လည်း ပါဝင်နေပါတယ်။