The network connection is lost.

Banner Image

ဒူးဒဏ်ရာကြောင့် စပို့တင်းနဲ့ပွဲကိုလွဲချော်သွားမယ့် မာဒူကီ

စပို့တင်းအသင်းနဲ့ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာ နိုနီ မာဒူကီ ပါဝင်နိုင်မှာမဟုတ်တာကြောင့် အာဆင်နယ်နည်းပြ မီကယ် အာတီတာအတွက်တော့ တကယ့်ကို ခေါင်းခဲစရာ ဖြစ်နေရပါတယ်။

အာဆင်နယ်ကစားသမားတွေဖြစ်တဲ့ ဒကလန်ရိုက်စ်၊ ဘူကာယို ဆာကာနဲ့ မာဒူကီတို့ဟာ ဒဏ်ရာပြဿနာတွေကြောင့် အင်္ဂလန်လက်ရွေးစင်အသင်းကနေ ဒီတစ်ပတ်မှာပဲ နှုတ်ထွက်ခဲ့ကြပြီး ဂျပန်အသင်းနဲ့ကစားခဲ့တဲ့ အင်္ဂါနေ့ခြေစမ်းပွဲကိုလည်း လွဲချော်ခဲ့ပါတယ်။

ဒါပေမဲ့လည်း ရိုက်စ်နဲ့ ဆာကာတို့ဟာ ဒီတစ်ပတ်ပိတ်ရက် ဆောက်သမ်တန်နဲ့ကစားမယ့် အက်ဖ်အေဖလားပွဲစဉ်မှာ ပြန်လည်ပါဝင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ သိရပေမဲ့ မာဒူကီကတော့ သူတို့လို ကံမကောင်းခဲ့ပါဘူး။ နောက်ဆုံးရသတင်းတွေအရ မာဒူအက်ကီဟာ သီတင်းပတ်အနည်းငယ်ကြာအောင် အနားယူရဖွယ် ရှိနေပါတယ်။

The Athletic ရဲ့ ဖော်ပြချက်အရ ပြီးခဲ့တဲ့အပတ်က ယူရူဂွေးနဲ့ပွဲအပြီး ဝမ်ဘလေကွင်းရဲ့ မီဒီယာဇုန်မှာ မာဒူကီဟာ ဘယ်ဘက်ဒူးမှာ ဒဏ်ရာထိန်းကိရိယာ (knee brace) တပ်ဆင်ထားတာကို တွေ့ရှိခဲ့ရပြီး ဆောက်သမ်တန်၊ စပို့တင်းတို့နဲ့ပွဲတွေကို လွဲချော်သွားတော့မှာ ဖြစ်ပါတယ်။

အင်္ဂလန်နည်းပြ သောမတ်စ်တူချယ်ကလည်း မာဒူကီရဲ့ ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး "စိုးရိမ်မိတယ်" လို့ ဝန်ခံပြောကြားခဲ့သလို "ရက်အနည်းငယ်လောက် အနားယူရမယ်" လို့လည်း ဆိုပါတယ်။ ဒါပေမဲ့ အခုချိန်မှာတော့ ရက်အနည်းငယ်ထက်မကဘဲ သီတင်းပတ်တွေအထိ ကြာမြင့်နိုင်တာကြောင့် ဒါဟာ အာတီတာအတွက် တကယ့်ကို စိုးရိမ်စရာ အခြေအနေပါပဲ။

အာဆင်နယ်အသင်းဟာ ဧပြီလ ၇ ရက် (အင်္ဂါနေ့) မှာ လစ္စဘွန်းကို သွားရောက်ကစားရမှာဖြစ်ပြီး ဧပြီ ၁၁ ရက် (စနေနေ့) မှာ ဘုန်းမောက်အသင်းကို အိမ်ကွင်းမှာ ဧည့်ခံရမှာဖြစ်သလို ဧပြီ ၁၅ ရက် (ဗုဒ္ဓဟူးနေ့) မှာတော့ စပို့တင်းအသင်းကို အမ်းမရိတ်ကွင်းမှာ ပြန်လည်လက်ခံကစားရမှာ ဖြစ်ပါတယ်။

မြောက်လန်ဒန်ကလပ်အတွက်တော့ ပွဲစဉ်ဇယားက တကယ့်ကို ကျပ်တည်းနေတာပါ။ အခုလိုအချိန်မှာ မာဒူကီမပါဝင်နိုင်တာဟာ ဒီရာသီမှာ အားရစရာမရှိလှတဲ့ အာဆင်နယ်ရဲ့ တိုက်စစ်အတွက် ကစားသမား အလှည့်အပြောင်းလုပ်ဖို့ အခက်တွေ့စေနိုင်ပါတယ်။