The network connection is lost.

Banner Image

ခရိုအေးရှားနဲ့ပွဲစဉ်မှာ ဗင်နီစီးယက်စ် ပါဝင်ကစားမယ်လို့ အန်ဆယ်လော့တီ အတည်ပြု

လာမယ့်အင်္ဂါနေ့၊ ခရိုအေးရှားနဲ့ရင်ဆိုင်ရမယ့် ခြေစမ်းပွဲစဉ်အတွက် ဘရာဇီးအသင်းကြယ်ပွင့်ဗင်နီစီးယက်စ် ပါဝင်ကစားလိမ့်မယ်လို့ နည်းပြအန်ဆယ်လော့တီက အတည်ပြုပြောကြားလိုက်ပါတယ်။

အသက် ၂၅ နှစ်အရွယ်ကစားသမားက မတ်လနိုင်ငံတကာသီတင်းပတ်ရဲ့ အဖွင့်ပွဲစဉ်ဖြစ်တဲ့ ပြင်သစ်ကို ၂-၁ ဂိုးဖြင့် အရေးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာပြဿနာ အနည်းငယ် ရရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

လတ်တလောမှာတော့ အန်ဆယ်လော့တီက ခရိုအေးရှားနဲ့ပွဲစဉ်မတိုင်ခင် ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ရဲ့ကြံ့ခိုင်မှုအခြေအနေအပြင် ပီအက်စ်ဂျီနောက်ခံလူမာကွင်ဟို့စ်ရဲ့အခြေအနေနဲ့ပတ်သက်လို့လည်း စိတ်အေးရမယ့် သတင်းစကားကို ပြောကြားခဲ့ပါတယ်။

ဒီကစားသမားနှစ်ဦးပါဝင်နိုင်မှုနဲ့ပတ်သက်ပြီး အန်ဆယ်လော့တီက "သူတို့နှစ်ဦးလုံး မနေ့တုန်းက သီးသန့်လေ့ကျင့်ခန်းဆင်းခဲ့ကြပေမဲ့ အခုတော့ အဆင်ပြေနေပါပြီ။ မနက်ဖြန်ပွဲစဉ်မှာ သူတို့ ပါဝင်ကစားပါလိမ့်မယ်" လို့ မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

"ကစားသမားတွေနဲ့ သေချာစကားမပြောရသေးလို့ မနက်ဖြန်ပွဲစဉ်အတွက် ပွဲထွက်လူစာရင်းကိုတော့ အခုလောလောဆယ် မပြောလိုသေးပါဘူး။ ကျွန်တော်တို့ လူထုတ်ပုံအပြောင်းအလဲတချို့ လုပ်သွားဖို့ရှိပေမဲ့ ကစားကွက်ကိုတော့ ပြောင်းလဲဖို့ မရှိပါဘူး" လို့လည်း ၎င်းက ဆိုပါတယ်။