The network connection is lost.

Banner Image

အက်ဖ်အေရဲ့ စွဲချက်ကြောင့် ပွဲပယ်ပြစ်ဒဏ်တိုးနိုင်ခြေရှိနေတဲ့ မက်ဂွါရီ

ဘုန်းမောက်အသင်းနဲ့ပွဲမှာ အထုတ်ပယ်ခံခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်နောက်ခံလူ ဟယ်ရီမက်ဂွိုင်းယားဟာ မလျော်ကန်တဲ့အပြုအမူ လုပ်ဆောင်ခဲ့တယ်ဆိုတဲ့စွဲချက်နဲ့ ရင်ဆိုင်နေရပါတယ်။

မက်ဂွိုင်းယားဟာ ဂိုးဧရိယာအတွင်းမှာ ဘုန်းမောက်တိုက်စစ်မှူး အီဗန်နီလ်ဆင်ကို တွန်းလှဲခဲ့တာကြောင့် အနီကတ်ပြသခံခဲ့ရတာဖြစ်ပြီး၊ အဆိုပါပြစ်ဒဏ်ဘောကနေတစ်ဆင့် ဂျူနီယာခရူပီက ဘုန်းမောက်အသင်းအတွက် ချေပဂိုး သွင်းယူပေးခဲ့ပါတယ်။

ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက်ခဲ့ပြီး စတုတ္ထဒိုင်ကိုပါ သွားရောက်ရင်ဆိုင်ခဲ့တဲ့ မက်ဂွိုင်းယားရဲ့ အပြုအမူတွေကို စုံစမ်းစစ်ဆေးပြီးနောက် FA က အခုလို စွဲချက်တင်ဖို့ အတည်ပြုလိုက်တာဖြစ်ပါတယ်။

ယာယီနည်းပြ မိုက်ကယ်ကာရစ်အတွက် စိုးရိမ်စရာဖြစ်စေမယ့် အဆိုပါစွဲချက်နဲ့ပတ်သက်ပြီး FA က ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။

"မတ်လ ၂၀ ရက်နေ့က ကစားခဲ့တဲ့ မန်ယူနဲ့ ဘုန်းမောက်တို့ရဲ့ ပရီမီယာလိဂ်ပွဲစဉ် မိနစ် ၇၈ မှာ အထုတ်ပယ်ခံခဲ့ရတဲ့ ဟယ်ရီမက်ဂွိုင်းယားကို အခုလို စွဲချက်တင်လိုက်တာ ဖြစ်ပါတယ်။ အဆိုပါနောက်ခံလူဟာ အထုတ်ပယ်ခံရပြီးနောက် စတုတ္ထဒိုင်လူကြီးအပေါ် မလျော်ကန်တဲ့ အပြုအမူတွေ လုပ်ဆောင်ခဲ့သလို၊ ရိုင်းစိုင်းစော်ကားတဲ့ စကားလုံးတွေ သုံးနှုန်းခဲ့တယ်လို့ စွပ်စွဲခံထားရတာပါ။ ဒီစွဲချက်အပေါ် ပြန်လည်ဖြေရှင်းဖို့အတွက် ဟယ်ရီမက်ဂွိုင်းယားအနေနဲ့ ဧပြီလ ၂ ရက်နေ့အထိ အချိန်ရမှာဖြစ်ပါတယ်" လို့ ဖော်ပြထားပါတယ်။

ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ကြိုးပမ်းနေရတဲ့ ယူနိုက်တက်အသင်းဟာ နိုင်ငံတကာပွဲစဉ်တွေအပြီး ကလပ်အသင်းပွဲစဉ်တွေ ပြန်လည်စတင်ချိန်မှာ လိဒ်ယူနိုက်တက်နဲ့ပွဲကို အင်္ဂလန်ကြယ်ပွင့် မက်ဂွိုင်းယားမပါဘဲ ကျော်ဖြတ်ရတော့မှာ ဖြစ်ပါတယ်။