နည်းပြဗယ်လ်ဗာဒီရဲ့နေရာမှာ ဒေါ့မွန်နည်းပြဟောင်းနဲ့အစားထိုးဖို့ပြင်ဆင်နေတဲ့ ဘီလ်ဘာအို
အသင်းကနေ ထွက်ခွာတော့မယ့် နည်းပြ အာနက်စတို ဗယ်လ်ဗာဒီရဲ့နေရာမှာ အစားထိုးဖို့အတွက် ဘီလ်ဘာအိုအသင်းဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ လုပ်ဆောင်ချက်အတိုင်း လိုက်လုပ်ဖို့ အဆင်သင့် ဖြစ်နေပါတယ်။
ဗယ်လ်ဗာဒီဟာ ဘီလ်ဘာအိုအသင်းမှာ ကစားသမားအဖြစ် ၆ နှစ်ကြာ ကစားခဲ့ဖူးသလို အခုတစ်ကြိမ်ဟာ နည်းပြအဖြစ်နဲ့ ဆန်မာမေးစ်ကွင်းကနေ တတိယအကြိမ်မြောက် ခွဲခွာရမှာလည်း ဖြစ်ပါတယ်။
အပြောင်းအရွှေ့ကျွမ်းကျင်သူ မက်တီယို မော်ရက်တိုရဲ့ အဆိုအရ ဗယ်လ်ဗာဒီရဲ့နေရာကို ဆက်ခံဖို့အတွက် ဒေါ့မွန်နည်းပြဟောင်း အီဒင် တာဇစ်ဟာ ဘီလ်ဘာအို ဘုတ်အဖွဲ့ရဲ့ ထိပ်တန်းပစ်မှတ် ဖြစ်နေတယ်လို့ သိရပါတယ်။
မော်ရက်တိုက Radio Marca နဲ့ အင်တာဗျူးမှာ "ခြေလှမ်းတွေ သွက်နေတဲ့ တာဇစ်ကို စောင့်ကြည့်ရပါမယ်။ သူဟာ အားကစားဒါရိုက်တာ မီကေးလ် ဂွန်ဇာလက်ဇ်နဲ့ တွဲဖက်လုပ်ကိုင်ရမှာဖြစ်ပြီး သူတို့နှစ်ယောက်လုံးဟာ လွန်ခဲ့တဲ့ တစ်နှစ်က ယူနိုက်တက်ရဲ့ ရွေးချယ်စရာစာရင်းမှာ ပါဝင်ခဲ့ဖူးသူတွေပါ" လို့ ပြောကြားခဲ့ပါတယ်။
တာဇစ်ဟာ ၂၀၂၄ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် ဒေါ့မွန်အသင်းကနေ ထွက်ခွာခဲ့ပြီးကတည်းက အလုပ်လက်မဲ့ ဖြစ်နေတာ ဖြစ်ပါတယ်။