The network connection is lost.

Banner Image

အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ အာဆင်နယ်အတွက် ကီပါပွဲထွက်လာမယ်လို့ ခန့်မှန်းလိုက်တဲ့ စတက်ခ်

 အာဆင်နယ်ဂိုးသမားဟောင်း ဂရေဟမ်စတက်ခ်က ဆောက်သမ်တန်နဲ့ ရင်ဆိုင်ရမယ့် အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ ကီပါ အာရီဇာဘလက်ဂါကပဲ ဂိုးပေါက်ကို စောင့်ရှောက်သွားလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

လွန်ခဲ့တဲ့ နှစ်ပတ်က ကာရာဘောင်းဖလား ဗိုလ်လုပွဲမှာ မန်စီးတီးအသင်းက အာဆင်နယ်ကို အံ့အားသင့်ဖွယ် အနိုင်ယူသွားခဲ့တုန်းက ကီပါဟာ အမှားအယွင်းတွေ ရှိခဲ့ပေမဲ့ အခု အက်ဖ်အေဖလားပွဲစဉ်မှာ ပထမဦးစားပေး ဂိုးသမား ဒေးဗစ်ရာယာကို ပြန်သုံးမယ့်အစား ကီပါကိုပဲ ဆက်ပြီး အသုံးပြုလိမ့်မယ်လို့ စတက်ခ်က ယူဆထားတာပါ။

သူက The Sun သတင်းစာကို ပြောကြားရာမှာတော့ နည်းပြအနေနဲ့ သူ့ကိုပဲ ဆက်ပြီး ယုံကြည်ပေးသွားမယ်လို့ ထင်ကြောင်း၊ ဒါမှလည်း ကီပါရဲ့ ယုံကြည်မှုကို ပြန်တည်ဆောက်ပေးရာ ရောက်မှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ဒါ့အပြင် ဒီအပတ်ထဲမှာ နည်းပြက ကီပါနဲ့ စကားပြောပြီး သူဟာ ဂိုးသမားကောင်းတစ်ယောက် ဖြစ်နိုင်ကြောင်း၊ ပြီးခဲ့တဲ့ အမှားတွေကို မေ့လိုက်ပြီး နည်းပြက သူ့ကို ထောက်ခံအားပေးနေကြောင်း စိတ်ဓာတ်မြှင့်တင်ပေးလိမ့်မယ်လို့ ယူဆနေပါတယ်။

 အမှားကြီးတစ်ခု လုပ်မိပြီးတဲ့နောက်မှာ နည်းပြတစ်ယောက်ဆီက အခုလိုမျိုး ထောက်ခံအားပေးမှု ရတာဟာ နည်းပြရဲ့ အရည်အချင်းကို ပြသရာရောက်သလို ကစားသမားအတွက်လည်း တကယ့်ကို ခွန်အားဖြစ်စေပါတယ်လို့လည်း သူက ဆိုပါတယ်။ ဗိုလ်လုပွဲအထိ ရောက်အောင် ကီပါက အကောင်းဆုံး

ကစားပေးခဲ့တာဖြစ်လို့ ဗိုလ်လုပွဲမှာ သူကစားခွင့်ရခဲ့တာဟာ တကယ်ကို ထိုက်တန်သလို မှန်ကန်တဲ့ ဆုံးဖြတ်ချက်လည်း ဖြစ်ပါတယ်လို့ ဂရေဟမ်စတက်ခ်က ပြောကြားခဲ့ပါတယ်။