အီတလီလက်ရွေးစင်အသင်းနည်းပြရာထူးမှ ဂတ်တူဆို နုတ်ထွက်တော့မယ်လို့ ရိုမာနိုပြောကြား
ဘော့စနီးယားကိုရှုံးနိမ့်ပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲ(Playoff)မှ ထွက်ခွာခဲ့ရပြီးနောက် ဂတ်တူဆိုဟာ အီတလီလက်ရွေးစင်အသင်းနည်းပြချုပ်ရာထူးကို ဂတ်တူဆို စွန့်လွှတ်တော့မယ်လို့ မျှော်လင့်ရကြောင်း အပြောင်းအရွှေ့ဂုရုကြီးရိုမာနိုက ပြောကြားလိုက်ပါတယ်။
၂၀၀၆ ခုနှစ်ကမ္ဘာ့ဖလားချန်ပီယံဖြစ်သလို လက်ရှိလက်ရွေးစင်အသင်းနည်းပြလည်း ဖြစ်တဲ့ ဂတ်တူဆိုက အီတလီအသင်းရဲ့အခြေအနေဆိုးတွေကို အဆုံးသတ်ပေးဖို့ ကြိုးစားခဲ့ပေမဲ့ နောက်ဆုံးမှာတော့ မအောင်မြင်ခဲ့ဘဲ အီတလီအသင်းအတွက် ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ သုံးကြိမ်ဆက်လွဲချော်ခဲ့ရပြီလို့ပဲ အတည်ပြုနိုင်ခဲ့ပါတယ်။
အီတလီဘောလုံးအဖွဲ့ချုပ် (FIGC) က ဂတ်တူဆိုကို ရာထူးမှာ ဆက်လက်ထားရှိလိုသော်လည်း နည်းပြဖြစ်သူကတော့ နုတ်ထွက်ဖို့ စဉ်းစားနေပြီလို့ အီတလီသတင်းစာ Gazzetta dello Sport က အစောပိုင်းကတည်းက သတင်းဖော်ပြခဲ့ပါတယ်။
"ကျွန်တော် သူ့ကို အသင်းမှာ ဆက်ရှိနေဖို့ တောင်းဆိုခဲ့ပါတယ်၊ သူက တကယ့်ကိုထူးချွန်တဲ့ နည်းပြတစ်ယောက်ပါ။ အဝတ်လဲခန်းထဲမှာ သူနဲ့ ကစားသမားတွေအကြား နွေးထွေးတဲ့ ဆက်ဆံရေးနဲ့ တစ်ဦးပေါ်တစ်ဦး အပေးအယူမျှမျှတတ ရှိနေတာတွေကို ခင်ဗျားတို့ မြင်တွေ့မှာ မဟုတ်ပါဘူး။ ကစားသမားတွေက သူရဲကောင်းတွေလိုပဲ အရာအားလုံးကို ပုံအောပေးဆပ်ခဲ့ကြတာပါ။ ဒီပွဲအပြီးမှာ ဝေဖန်သုံးသပ်မှုတွေ ရှိလာနိုင်ပေမဲ့ အသင်းရဲ့နည်းစနစ်ပိုင်းတိုးတက်မှုတွေကိုတော့ သေချာပေါက်ဆက်လက်ထိန်းသိမ်းသွားရပါမယ်" လို့ ဘော့စနီးယားနဲ့ပွဲစဉ်အပြီး အီတလီဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဂရာဗီနာက ပြောကြားခဲ့ပါတယ်။