The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်ရဲ့ လူငယ်ကြယ်ပွင့် ဂွန်ဇာလို ဂါစီယာကို ခေါ်ယူဖို့ အာဆင်နယ် မျှော်လင့်နေ

လာမယ့်နွေရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တိုက်စစ်မှူး ဂွန်ဇာလို ဂါစီယာကို ခေါ်ယူဖို့ အာဆင်နယ်အသင်းက စောင့်ကြည့်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အသက် ၂၂ နှစ်အရွယ် ဂါစီယာဟာ ရီးရဲလ်မက်ဒရစ်ရဲ့ ကမ္ဘာ့ကလပ်များဖလား (Club World Cup) ပြိုင်ပွဲမှာ စတင်ခြေစွမ်းပြပြီး လူသိများလာခဲ့သူဖြစ်ပေမဲ့ နောက်ပိုင်းမှာတော့ ပုံမှန်ပွဲထွက်ကစားခွင့်ရဖို့ ရုန်းကန်နေရပါတယ်။

ဒီတိုက်စစ်မှူးဟာ အခုရာသီမှာ လာလီဂါပွဲစဉ် ၂၃ ပွဲအထိ ပါဝင်ကစားပေးထားပေမဲ့ ၆ ပွဲသာ ပွဲထွက်လူစာရင်းမှာ ပါဝင်ခွင့်ရခဲ့ပြီး ၄ ဂိုး သွင်းယူပေးထားကာ ဂိုးဖန်တီးမှု (assist) တော့ တစ်ကြိမ်မှ ပြုလုပ်နိုင်ခြင်း မရှိသေးပါဘူး။

Fichajes ရဲ့ ဖော်ပြချက်အရ ပရီမီယာလိဂ်ဇယားကို ဦးဆောင်နေတဲ့ အာဆင်နယ်အသင်းဟာ တိုက်စစ်မှူး ဂါဘရီရယ်လ် ဂျေးဇူး အသင်းကနေ ထွက်ခွာသွားဖို့ ရှိနေတာကြောင့် ဂါစီယာကို အစားထိုးခေါ်ယူဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

ဂါစီယာအနေနဲ့လည်း သူ့ရဲ့မိခင်ကလပ်မှာ နာမည်ကျော်ကြယ်ပွင့် တိုက်စစ်မှူးတွေ အများကြီးရှိနေတာကြောင့် ပွဲထွက်ခွင့်ရဖို့ မလွယ်ကူဘူးဆိုတာကို သိထားတဲ့အတွက် အခုလို အပြောင်းအရွှေ့အပေါ် စိတ်ဝင်စားမှု ရှိနေတယ်လို့ သိရပါတယ်။