The network connection is lost.

Banner Image

ပယ်နယ်တီအဆုံးအဖြတ်ဖြင့်အရေးနိမ့်ခဲ့ပြီးနောက် ဝက်စ်ဟမ်းကစားသမားတွေ အလွန်ဝမ်းနည်းနေကြတယ်လို့ နူနိုဆန်းတို့စ် ဝန်ခံပြောကြား

ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ အက်ဖ်အေဖလားကွာတားဖိုင်နယ်ပွဲစဉ်မှာ လိဒ်စ်ယူနိုက်တက်ကို ရှုံးနိမ့်ခဲ့ပြီးနောက် ဝက်စ်ဟမ်းအသင်းရဲ့အဝတ်လဲခန်းအတွင်း တကယ်ကို စိတ်မကောင်းစရာအခြေအနေတွေ ဖြစ်နေတယ်လို့ နည်းပြနူနိုဆန်းတို့စ်က ဝန်ခံခဲ့ပါတယ်။

ဝက်စ်ဟမ်းအတွက် ဒီဆာစီက နောက်ဆုံးမိနစ်ချေပဂိုးသွင်းယူပေးခဲ့ပေမဲ့ ပယ်နယ်တီအဆုံးအဖြတ်မှာတော့ လိဒ်ယူနိုက်တက်အသင်း အနိုင်ရရှိသွားပါတယ်။

ပွဲစဉ်အပြီး နူနိုဆန်းတို့စ်က "ဒီပွဲက အစမှ အဆုံးအထိ တကယ်ကို ရင်ခုန်စိတ်လှုပ်ရှားဖို့ ကောင်းခဲ့ပါတယ်" လို့ မှတ်ချက်ပေးခဲ့ပါတယ်။

"ကစားသမားတွေအတွက်ရော၊ ကျွန်တော်တို့အတွက်ရော တကယ်ကို ဝမ်းနည်းဖို့ ကောင်းပါတယ်။ အထူးသဖြင့် ဒုတိယပိုင်းမှာ ကျွန်တော်တို့ ပြန်လည် တိုက်စစ်ဆင်ခဲ့တာ၊ ပွဲကို နောက်မှလိုက်ကစားခဲ့တာ၊ အခွင့်အရေးကောင်းတွေ ဖန်တီးနိုင်ခဲ့တာနဲ့ ဂိုးတိုင်ထိခဲ့တာတွေကို မြင်တွေ့ခဲ့ရတဲ့ ပရိသတ်တွေအတွက် ပိုပြီးတော့တောင် စိတ်မကောင်းဖြစ်ရပါတယ်"

"ပယ်နယ်တီ အဆုံးအဖြတ်အထိ မရောက်ဖို့အတွက် ကျွန်တော်တို့ လုံလောက်တဲ့ကြိုးစားမှုမျိုး လုပ်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ဒီနေ့မှာတော့ ကံမပါခဲ့ပါဘူး"

"အရင်အဆင့်တုန်းကတော့ ပယ်နယ်တီနဲ့ပဲ အနိုင်ရခဲ့ပြီး ကျွန်တော်တို့ ထိရောက်မှုရှိခဲ့တယ်လို့ ပြောခဲ့ကြပေမဲ့ ဒီနေ့မှာတော့ အဲဒီလောက်အထိ အလုပ်မဖြစ်ခဲ့ပါဘူး"

"ဒါပေမဲ့ ပွဲထဲမှာ ကျွန်တော်တို့ တုံ့ပြန်ပုံနဲ့ ဂိုးရဖို့ ကြိုးစားခဲ့ပုံတွေဟာ အရှုံးမပေးတတ်တဲ့ စိတ်ဓာတ်ကို သက်သေပြနေပါတယ်။ အခု ကျွန်တော်တို့လက်ထဲမှာ ပရီးမီးယားလိဂ်တန်းတင်ကျန်ရစ်ရေးဆိုတဲ့ ကြီးမားတဲ့ တာဝန်တစ်ခု ရှိနေပါသေးတယ်" လို့ ၎င်းက ဆိုပါတယ်။

ဆက်လက်ပြီး သူက "အခုကတော့ ပြန်လည်နားယူရမယ့် အချိန်ပါပဲ။ မိနစ် ၁၂၀ ကြာ ကစားခဲ့ရတာဆိုတော့ တကယ်ကို ပင်ပန်းပါတယ်။ ကစားသမားတွေကို ပြန်လည်ကြံ့ခိုင်လာအောင် လုပ်ပြီး သောကြာနေ့ပွဲစဉ်ကို ယှဉ်ပြိုင်ကစားသွားပါမယ်"

"လန်ဒန်ကွင်းကြီးက ကျွန်တော်တို့အတွက် ထပ်ပြီး အရေးပါနေပါဦးမယ်။ ဒီနေ့မှာ ဖန်တီးခဲ့တဲ့ အားပေးမှုမျိုးကို နောက်လာမယ့် ပွဲစဉ်တွေမှာလည်း ထပ်ပြီး ဖန်တီးရပါမယ်"

"ကျွန်တော်တို့ ဒါကို တကယ် လိုအပ်ပါတယ်။ ကစားသမားအားလုံးရဲ့အင်အားကိုလည်း လိုအပ်ပါတယ်၊ ဒါ အမှန်တရားပါပဲ" လို့ ပြောကြားသွားခဲ့ပါတယ်။