The network connection is lost.

Banner Image

ဘရိုက်တန်ဂိုးသမားဗက်ဘရူဂန်ကို ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ် ပြင်ဆင်နေ

ဘိုင်ယန်မြူးနစ်အသင်းက ဘရိုက်တန်ဂိုးသမားဗက်ဘရူဂန်ကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပေမဲ့ အခြားပရီးမီးယားလိဂ်ကလပ်အသင်းတွေနဲ့ အပြိုင်လုရမယ့် အခြေအနေမှာ ရှိနေပါတယ်။

အသက် ၂၃ နှစ်အရွယ်ရှိဗက်ဘရူဂန်က ၂၀၂၃ ခုနှစ်မှာ အန်ဒါလက်ချ်မှ ဘရိုက်တန်ဆီ ပြောင်းရွှေ့လာခဲ့ပြီး အင်္ဂလန်ဘောလုံးလောကရဲ့ အကောင်းဆုံးလူငယ်ဂိုးသမားတစ်ဦးအဖြစ် အစွမ်းပြသနေပါတယ်။

TeamTalk ရဲ့ဖော်ပြချက်အရ နူအာရဲ့နေရာကို ရေရှည်အစားထိုးဖို့ ရှာဖွေနေတဲ့ ဘိုင်ယန်မြူးနစ်က အခုအခါမှာတော့ ဗက်ဘရူဂန်ကို မျက်စိကျလာတယ်လို့ သိရပါတယ်။

ဒါပေမဲ့ ဒီနယ်သာလန်လက်ရွေးစင်ဂိုးသမားကို ခေါ်ယူဖို့ဆိုတာ တော့တင်ဟမ်နဲ့ နယူးကာဆယ်တို့လိုအသင်းတွေရဲ့ စိတ်ဝင်စားမှုလည်း ရှိနေလို့ သိပ်တော့ မလွယ်ကူနိုင်ပါဘူး။

ဒါ့အပြင် ဗက်ဘရူဂန်ရဲ့ကိုယ်စားလှယ်တွေက လာမယ့်နွေရာသီမှာ ဘရိုက်တန်မှ ထွက်ခွာနိုင်ဖို့အတွက် အခွင့်အလမ်းတွေကို တက်ကြွစွာရှာဖွေနေကြတယ်လို့လည်း ဒီသတင်းမှာ ဖော်ပြထားပါတယ်။