The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်ကို ထိုက်ထိုက်တန်တန်အနိုင်ရခဲ့တာဖြစ်တယ်လို့ဆိုလာတဲ့ ဒီယက်ဇ်

အင်္ဂါနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်ကို အနိုင်ရရှိခဲ့တာဟာ သူတို့အသင်းနဲ့ ထိုက်တန်တဲ့ ရလဒ်ဖြစ်တယ်လို့ ဘိုင်ယန်မြူးနစ်ကြယ်ပွင့် လူးဝစ်ဒီးယက်စ်က ပြောကြားလိုက်ပါတယ်။ မက်ဒရစ်မြေမှာ ကစားခဲ့တဲ့ အဲဒီကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ဘိုင်ယန်က ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ဒီးယက်စ်က အဖွင့်ဂိုးကို သွင်းယူပေးခဲ့တာပါ။

ကိုလံဘီယာလက်ရွေးစင်ကစားသမားက ပွဲအပြီးမှာ "ဒီပွဲက တကယ့်ကို စမ်းသပ်မှုတစ်ခုပါပဲ။ မက်ဒရစ်က သူတို့ကွင်းမှာဆိုရင် အရမ်းတောင့်တင်းတဲ့အသင်းပါ" လို့ ဆိုပါတယ်။

"ကျွန်တော်တို့မှာ ကောင်းမွန်တဲ့ ကစားကွက်ရှိခဲ့သလို အကောင်အထည်ဖော်ရာမှာလည်း အထူးသဖြင့် ပထမပိုင်းမှာ တော်တော်လေး ကောင်းမွန်ခဲ့ပါတယ်။ နှစ်ဖက်စလုံးမှာ ဂိုးသွင်းခွင့်တွေ အများကြီးရှိခဲ့ပြီး ကျွန်တော်တို့သာ ရရှိတဲ့အခွင့်အရေးတွေကို အမိအရ အသုံးချနိုင်ခဲ့ရင် အခုထက်ပိုပြီး စိတ်အေးလက်အေးနဲ့ အိမ်ပြန်နိုင်မှာပါ။ ရှေ့အပတ်မှာ ကစားမယ့်ပွဲအတွက်လည်း အပြည့်အဝ အာရုံစိုက်ပြီး အကောင်းဆုံး ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်" လို့လည်း သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဒီးယက်စ်က "ဒါဟာ ကျွန်တော်တို့ လိုချင်တဲ့ ရလဒ်မျိုးပါပဲ။ ဒါပေမဲ့ အနည်းဆုံး တစ်ဂိုးလောက် ထပ်သွင်းနိုင်ခဲ့ရင် ကောင်းမယ်ဆိုတဲ့ ဝမ်းနည်းဝမ်းသာ ခံစားချက်မျိုးတော့ ရှိနေပါတယ်။ ဒီပွဲစဉ်ကို ကျွန်တော်တို့ အပြတ်အသတ် ထိန်းချုပ်နိုင်မယ့် အခွင့်အရေးတွေ ရှိခဲ့တာပါ။ အခုတော့ ကျွန်တော်တို့ ဘာတွေမှားယွင်းခဲ့သလဲဆိုတာကို ပြန်ကြည့်ပြီး အဲဒါတွေကို ပြင်ဆင်သွားဖို့ လိုပါတယ်" လို့ ဆိုခဲ့ပါတယ်။