မာကွင်ဟို့စ်ကို အသင်းမှထွက်ခွာခွင့်ပေးသွားဖို့ ပြင်ဆင်နေတဲ့ ပီအက်စ်ဂျီ
လာမယ့်နွေရာသီကာလမှာ အသင်းမှထွက်ခွာဖို့ အသင်းကပ္ပတိန်မာကွင်ဟို့စ်ကိုယ်တိုင် ဆုံးဖြတ်လာမယ်ဆိုရင် ပီအက်စ်ဂျီအသင်းဘက်က တားဆီးသွားဖို့မရှိဘူးလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
အသက် ၃၁ နှစ်အရွယ်ဗဟိုခံစစ်မှူးက အခုဘောလုံးရာသီ၊ နည်းပြလူးဝစ်အင်းနရစ်ရဲ့ပွဲထွက်လူစာရင်းမှာ ပုံမှန်မပါဝင်နိုင်ဘဲ သူပါဝင်ကစားခဲ့တဲ့ လီဂူးဝမ်း ၁၁ ပွဲမှာ ရှစ်ကြိမ်သာ ပွဲထွက်ခွင့် ရရှိခဲ့ပါတယ်။
L’Equipe သတင်းဌာနရဲ့ဖော်ပြချက်အရ ပီအက်စ်ဂျီအသင်းက ပြီးခဲ့တဲ့နွေရာသီလိုပဲ သဘောထားမပြောင်းလဲဘဲ မာကွင်ဟို့စ်ကို အသင်းမှထွက်ခွာခွင့်ပေးဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။
ပီအက်စ်ဂျီရဲ့အစီအစဉ်ကတော့ ၂၀၂၅ ခုနှစ်မှာ ဘုန်းမောက်မှခေါ်ယူထားတဲ့ ဇာဘာညီကို လာမယ့်ဘောလုံးရာသီအတွက် အသင်းရဲ့အဓိကကစားသမားအဖြစ် ပိုမိုအသုံးပြုသွားဖြစ်ပါတယ်။ လက်ရှိအချိန်အထိတော့ ဇာဘာညီရဲ့ခြေစွမ်းပိုင်း အားရစရာမရှိသေးပေမဲ့ အသင်းဘက်ကတော့ သူ့ကို ပိုပြီးနေရာပေးသွားဖို့ စီစဉ်နေပါတယ်။