The network connection is lost.

Banner Image

ပဲလေ့စ်အပေါ် ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ အာရုံစိုက်ထားဆဲပဲလို့ ဂလက်စ်နာ အခိုင်အမာပြော

အိုလီဗာဂလပ်စနာက သူဟာ ခရစ္စတယ်ပဲလေ့စ်အသင်းမှာ သူ့ရဲ့တာဝန်တွေကို အပြည့်အဝ အာရုံစိုက်လုပ်ဆောင်နေဆဲပဲလို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။

အွန်စတြီးယားလူမျိုး နည်းပြဟာ အခုရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်လို့ ပဲလေ့စ်အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။

"ကျွန်တော့်အတွက်ကတော့ ဒါက လွယ်ကူပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က ဒီအလုပ်ကို လုပ်နေရတာကိုရော၊ ဒီအလုပ်ကိုပါ မြတ်နိုးတာကြောင့် အမြဲတမ်း ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ အားစိုက်ထားတာပါ" လို့ ဂလပ်စနာက Sky Sports ကို ပြောခဲ့ပါတယ်။

"ကျွန်တော့်ဘက်က ၉၉ ရာခိုင်နှုန်းလောက်ပဲ ပေးနိုင်တော့မယ်လို့ ခံစားရတဲ့အချိန်ကျရင် ကျွန်တော် အသင်းကနေ ထွက်သွားမှာပါ။ အဲဒီအခါကျရင် အနားယူတာမျိုး ဒါမှမဟုတ် တစ်ခုခုပေါ့ဗျာ။ ခရစ္စတယ်ပဲလေ့စ်က ကစားသမားတိုင်း၊ ပရိသတ်တိုင်းနဲ့ ဝန်ထမ်းတိုင်းဟာ သူတို့ရဲ့နည်းပြဆီကနေ ၁၀၀ ရာခိုင်နှုန်း အပြည့်အဝပေးဆပ်မှုကို ရရှိဖို့ ထိုက်တန်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါဟာ ကျွန်တော် အမြဲတမ်းလုပ်ဆောင်နေတဲ့ အရာဖြစ်လို့ ကျွန်တော့်အတွက်တော့ တကယ်ကို လွယ်ကူပါတယ်" လို့ ၎င်းက ဆိုပါတယ်။

ပဲလေ့စ်အသင်းဟာ လာမယ့် တနင်္လာနေ့ညမှာ ဝက်စ်ဟမ်းအသင်းနဲ့ ဆက်လက်ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။