The network connection is lost.

Banner Image

ကစားသမားတွေရဲ့ဒါဘီပွဲစဉ်စွမ်းဆောင်ရည်ပိုင်းအရ ထိုက်တန်တဲ့ရလဒ်တစ်ခု မရရှိခဲ့ဘူးလို့ ဆိုလိုက်တဲ့ ဒေးဗစ်မိုယက်စ်

အဲဗာတန်နည်းပြဒေးဗစ်မိုယက်စ်က အိမ်ကွင်းမှာ လီဗာပူးကို ရှုံးနိမ့်ခဲ့ပြီးနောက် သူ့ရဲ့ကစားသမားတွေကို အပြစ်တင်စရာမရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ Hill Dickinson ကွင်းပွဲစဉ်မှာ ဗန်ဒိုက်က လီဗာပူးအတွက် ပွဲချိန်မိနစ် ၁၀၀ အနိုင်ဂိုးကို သွင်းယူခဲ့လို့ ၂-၁ ဂိုးဆိုတဲ့ရလဒ်ဖြင့် ပွဲချိန်ကုန်ဆုံးသွားခဲ့ပါတယ်။

ဒီပွဲစဉ်ကစားပုံအပေါ် ကျေနပ်မှုရှိလားလို့ မေးမြန်းရာမှာတော့ မိုယက်စ်က “ဟုတ်ပါတယ်၊ ဒါပေမဲ့ ဒါက ကျွန်တော့်ကို စိတ်သက်သာရာမရစေတာတော့ အသေအချာပါပဲ” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဆက်လက်ပြီး သူက “ကစားသမားတွေ ဒီနေ့ပွဲမှာ အဓိကအားဖြင့် အကောင်းဆုံးလုပ်နိုင်ခဲ့တယ်လို့ ကျွန်တော် ပြောခဲ့ပါတယ်။ ပွဲအတွင်းမှာ လီဗာပူးအသင်းက ပွဲကို ထိန်းချုပ်ထားနိုင်တဲ့ အချိန်တွေရှိသလို ကျွန်တော်တို့ဘက်ကလည်း ပွဲကို အချိန်အတော်ကြာထိန်းချုပ်ထားနိုင်ခဲ့တဲ့အပိုင်းတွေ ရှိပါတယ်။

အထူးသဖြင့် ပွဲအစမိနစ် ၂၀ လောက်အတွင်း ကျွန်တော်တို့အတွက် အခွင့်အရေးကောင်းတွေ အများကြီးရခဲ့ပါတယ်။ အမှန်အတိုင်းပြောရရင် တစ်ပွဲလုံးမှာ လီဗာပူးကို အခွင့်အရေးတွေ အများကြီးပေးခဲ့ရတယ်လို့ မထင်ပါဘူး။ ကျွန်တော်တို့ဘက်က အခွင့်အရေးတွေ အများကြီး ပေးလိုက်ရတယ်လို့ မခံစားရပါဘူး၊ ဒါကြောင့် ကစားသမားတွေ တာဝန်ကျေခဲ့ကြပေမဲ့ ဒီနေ့မှာတော့ ဘာရလဒ်မှ ပြန်မရခဲ့ပါဘူး” လို့ ဆိုပါတယ်။