The network connection is lost.

Banner Image

အက်စတွန်ဗီလာနဲ့ပွဲစဉ်မှာ ဆန်းဒါးလန်းအသင်း မရှုံးနိမ့်သင့်ဘူးလို့ အတိအလင်းပြောဆိုလိုက်တဲ့ နည်းပြလီဘရစ်

ဆန်းဒါးလန်းနည်းပြလီဘရစ်က အက်စတွန်ဗီလာနဲ့ပွဲစဉ်မှာ မထိုက်တန်တဲ့ရလဒ်တစ်ခုကို ပိုင်ဆိုင်ခဲ့ရတယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။

အခုပွဲစဉ်မှာ လီဘရစ်ရဲ့အသင်းက ၃-၁ ဂိုးဆိုတဲ့ ရလဒ်ဖြင့်ရှုံးနိမ့်နေရာမှာ တစ်ဖက်သုံးဂိုးစီသရေရလဒ်ထွက်ပေါ်အောင် စွမ်းဆောင်နိုင်ခဲ့ပြီး ပွဲချိန် ၉၃ မိနစ်၊ အေဘရာဟမ်ရဲ့အနိုင်ဂိုးသွင်းယူမှုကြောင့် အဝေးကွင်းရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

"ကျွန်တော်တို့ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုနဲ့ ရုန်းကန်နိုင်စွမ်းကို တစ်ကျော့ပြန်ပြသနိုင်ခဲ့သလို တစ်ခါတလေမှာလည်း အရည်အသွေးရှိတဲ့ကစားဟန်တွေ ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီနေ့မှာတော့ အက်စတွန်ဗီလာရဲ့ စွမ်းဆောင်ရည်နဲ့ အင်အားကိုလည်း ခံစားခဲ့ရပြီး သူတို့က အခွင့်အရေးတွေအများကြီး ဖန်တီးနိုင်ခဲ့ပါတယ်" လို့ လီဘရစ်က ပြောပါတယ်။

ဆက်လက်ပြီး သူက "ကျွန်တော်တို့ ပထမပိုင်းရော၊ ဒုတိယပိုင်းမှာပါ ပွဲအစကို အကောင်းဆုံး မစတင်နိုင်ခဲ့ပါဘူး။ ဒါ အမြဲတမ်းခက်ခဲလေ့ရှိပြီး အက်စတွန်ဗီလာက ပွဲကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့ပါတယ်။ ပွဲက အနည်းငယ်အေးစက်စက်ဖြစ်နေခဲ့ပေမဲ့ ၃-၁ ဖြစ်သွားချိန်မှာတော့ အခြေအနေကို ပြောင်းလဲနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ လက်မလျှော့ခဲ့ဘဲ ဟူမီလည်း ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်" လို့ ဆိုပါတယ်။

"ကျွန်တော်တို့က ဒီလိဂ်ကို အခုမှ တန်းတက်လာတဲ့အသင်းဖြစ်လို့ အများကြီး သင်ယူနေရဆဲပါ။ ဒါက ခက်ခဲတဲ့ စိန်ခေါ်မှုတစ်ခုပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ကိုယ်ပိုင်ဟန်အတိုင်း ပွဲပြီးတဲ့အထိ ကစားခဲ့ပါတယ်။ ကျွန်တော်တို့ စွန့်စားမှုတွေလုပ်ခဲ့သလို ပွဲရဲ့အရှိန်အဟုန်ကိုပြောင်းလဲနိုင်တဲ့ စွမ်းဆောင်ရည်လည်း ရှိခဲ့ပါတယ်။ ပွဲစဉ်တိုင်းကို တစ်ဆင့်ချင်းပဲ သွားနေတာပါ။ ဒီနေ့မှာ အမှတ်မရခဲ့ပေမဲ့ ကျွန်တော်တို့ကတော့ ဆက်ပြီး တိုက်ပွဲဝင်နေပါဦးမယ်" လို့ လီဘရစ်က နိဂုံးချုပ်ပြောကြားသွားခဲ့ပါတယ်။