The network connection is lost.

Banner Image

မက်ဆီအတွက် ယူရို သန်း ၄၀၀ တန်ကမ်းလှမ်းမှု ရှိခဲ့တယ်လို့ ဘာစီလိုနာဥက္ကဋ္ဌဟောင်းဘာတိုမူ ပြောကြား

ဘာစီလိုနာအသင်းဥက္ကဋ္ဌဟောင်းဘာတိုမူက မက်ဆီကို ယူရို သန်း ၄၀၀ ဖြင့်ရောင်းချနိုင်မယ့် အခွင့်အရေး ရှိခဲ့ဖူးတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အဲ့ဒီအချိန်တုန်းက အမည်မဖော်လိုတဲ့ ကလပ်အသင်းတစ်သင်းက မက်ဆီရဲ့စာချုပ်ဖျက်သိမ်းကြေးကို ပေးချေဖို့ အသင့်ရှိခဲ့တယ်လို့ ဘာတိုမူက ဝန်ခံပါတယ်။

AS သတင်းဌာနနဲ့တွေ့ဆုံချိန် ဘာတိုမူက "၂၀၁၇ ခုနှစ်၊ ဩဂုတ်လမှာ ပီအက်စ်ဂျီဆီ နေမာ ထွက်ခွာသွားပြီးနောက် တခြားကလပ်အသင်းတစ်သင်းက မက်ဆီရဲ့စာချုပ်ဖျက်သိမ်းကြေးဖြစ်တဲ့ ယူရို သန်း ၄၀၀ ကို ပေးချေဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းကို ကျွန်တော်တို့ သိခဲ့ရပါတယ်"

"အဲ့ဒါကြောင့် ကျွန်တော်တို့က မက်ဆီ၊ သူ့ရဲ့ဖခင်တို့နဲ့ ထိုင်ပြီး ဆွေးနွေးခဲ့ကြပါတယ်။ စာချုပ်ဖျက်သိမ်းကြေးကို ယူရို သန်း ၇၀၀ အထိ တိုးမြှင့်ထားတဲ့ စာချုပ်သစ်ကို ကမ်းလှမ်းခဲ့ပြီး ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလမှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်"

"မက်ဆီရဲ့ကွင်းတွင်းကွင်းပြင်စွမ်းဆောင်ရည်တွေကို ကြည့်လိုက်မယ်ဆိုရင် သူနဲ့ချုပ်ဆိုခဲ့တဲ့ လစာနှုန်းထားက ကျွန်တော့်အတွက်တော့ အရမ်းကို သင့်တင့်မျှတတယ်လို့ ထင်ပါတယ်"

"ကျွန်တော်တို့က သူ့ရဲ့အနာဂတ်ကို အသင်းမှာပဲ ဆက်ရှိနေအောင် သေချာလုပ်ခဲ့တာပါ။ ဘာလို့လဲဆိုတော့ သူတို့က နေမာအတွက် ယူရို ၂၂၂ သန်းတောင် ပေးနိုင်တယ်ဆိုရင် လီယိုအတွက် ယူရို သန်း ၄၀၀ ဆိုတာလည်း ပေးနိုင်မှာပဲလေ။ ကျွန်တော်တို့ကတော့ ဘယ်လိုအခြေအနေမျိုးမှာမှ သူ့ကို အဆုံးရှုံးမခံနိုင်ခဲ့ပါဘူး" လို့ ပြောကြားသွားခဲ့ပါတယ်။