The network connection is lost.

Banner Image

ရူဒီဂါကို ပြန်တောင်းပန်ပေးရမှာလားလို့ ရွဲ့စောင်းပြောလိုက်တဲ့ ရီကို

ဂီတာဖေးအသင်းရဲ့ တောင်ပံနောက်ခံလူ ဒီယေဂို ရီကိုဟာ အခုနှစ်အစောပိုင်းက သူတို့နှစ်ဦးကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး ရီးရဲလ်မက်ဒရစ်နောက်ခံလူ တိုနီ ရူဒီဂါကို ပြန်လည်ဝေဖန်လိုက်ပါတယ်။ ဂီတာဖေးအသင်းက ရီးရဲလ်မက်ဒရစ်ကို အနိုင်ရရှိခဲ့တဲ့ နာမည်ကျော်ပွဲစဉ်အတွင်း လဲကျနေတဲ့ ရီကိုရဲ့ မျက်နှာကို ရူဒီဂါရဲ့ ဒူးနဲ့ တိုက်မိခဲ့တာ ဖြစ်ပါတယ်။ ဒီလုပ်ရပ်ဟာ ရူဒီဂါကို ဂျာမနီရဲ့ ကမ္ဘာ့ဖလားလူစာရင်းကနေ ချန်လှပ်ထားဖို့အထိ ဂျာမနီနိုင်ငံအတွင်းမှာ တောင်းဆိုမှုတွေ ပေါ်ထွက်လာစေခဲ့တာပါ။ ရူဒီဂါဘက်ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး တောင်းပန်ခြင်း မရှိသေးတာကြောင့် ရီကိုက စိတ်ပျက်နေတာလည်း ဖြစ်ပါတယ်။

La Otra Grada Podcast နဲ့ အင်တာဗျူးမှာ ရီကိုက "ကျွန်တော့်ကို အသက်ရှင်ခွင့်ပေးထားတဲ့အတွက် သူ့ကို ကျွန်တော်ကပဲ ပြန်တောင်းပန်ရဦးမှာလား။ ရူဒီဂါက အရမ်းကြမ်းတမ်းတဲ့ ကစားသမားတစ်ယောက်ပါ၊ ဒါပေမဲ့ အဲ့ဒီအချိန်တုန်းက သူဟာ စည်းကျော်သွားခဲ့ပါတယ်။ ကျွန်တော် သူ့ကို ခွင့်မလွှတ်နိုင်ပါဘူး" လို့ ပြောကြားခဲ့ပါတယ်။

ဒီဖြစ်ရပ်ဖြစ်ပြီး ရက်အနည်းငယ်အကြာမှာတော့ ရူဒီဂါက "Slow-motion ပြန်ကျော့ကြည့်တာတွေက ကြည့်ရတာ တကယ်ဆိုးပါတယ်။ ကျွန်တော် သူနဲ့ အခြေအတင် မဖြစ်ချင်ပါဘူး၊ ဒါပေမဲ့ ကျွန်တော် သူ့ကို သတ်လိုက်တာမှ မဟုတ်တာပဲ။ ထိခိုက်မှုတွေကို အရမ်းကြီး ချဲ့ကားမပြောသင့်ပါဘူး၊ တကယ်လို့ ကျွန်တော်က ရည်ရွယ်ချက်ရှိရှိသာ လုပ်ခဲ့မယ်ဆိုရင် သူ တကယ်ဒဏ်ရာရသွားမှာပါ။ သူ့ကို နာကျင်အောင်လုပ်ဖို့ ဘယ်တုန်းကမှ ရည်ရွယ်ချက်မရှိခဲ့ပါဘူး၊ ဒါပေမဲ့ ကစားတဲ့အခါမှာတော့ ကျွန်တော်က ကြမ်းကြမ်းတမ်းတမ်း ကစားရတာကို သဘောကျပါတယ်" လို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။