ရိုဆင်နီယာရဲ့နေရာမှာ အစားထိုးတာဝန်ပေးအပ်မယ့် လျာထားနည်းပြပစ်မှတ်သုံးဦးစာရင်း ထွက်ပေါ်လာ
မကြာသေးခင်ကမှ ရာထူးမှထုတ်ပယ်ခံလိုက်ရတဲ့ နည်းပြရိုဆင်နီယာရဲ့နေရာမှာ အစားထိုးခန့်အပ်ဖို့အတွက် ချဲလ်ဆီးအသင်းက နည်းပြသုံးဦးကို လျာထားတယ်လို့ သတင်းတွေအရ အသိရပါတယ်။
အသက် ၄၁ နှစ်အရွယ် ရိုဆင်နီယာက ဘရိုက်တန်အသင်းကို ၃-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ရာထူးမှ ထုတ်ပယ်ခံလိုက်ရပါတယ်။
ဒီပွဲစဉ်ရလဒ်ပိုင်းကြောင့် ချဲလ်ဆီးက ပရီးမီးယားလိဂ်နောက်ဆုံးငါးပွဲဆက် သွင်းဂိုးမဲ့၊ ရှုံးနိမ့်ခဲ့တဲ့မှတ်တမ်းကို ပိုင်ဆိုင်သွားခဲ့ပါတယ်။
လာမယ့်ရာသီ၊ ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်လည်း အတော်လေးအားနည်းသွားပြီဖြစ်လို့ လက်ရှိမှာ ချဲလ်ဆီးက မက်ဖာလိန်းကို ယာယီနည်းပြအဖြစ် နောက်တစ်ကြိမ် ထပ်မံခန့်အပ်ထားပါတယ်။
BBC Sport ရဲ့ ဖော်ပြချက်အရ ချဲလ်ဆီးရဲ့ လျာထားနည်းပြသုံးဦးစာရင်းမှာ အီရာအိုလာ၊ မာကိုဆေးလ်ဗားနဲ့ အီဒင်တာဇစ်တို့ ပါဝင်နေတယ်လို့ သိရပါတယ်။
အီရာအိုလာက အခုဘောလုံးရာသီကုန်ဆုံးချိန်၊ ဘုန်းမောက်မှထွက်ခွာမယ်လို့ တရားဝင်ကြေညာထားပြီး မာကိုဆေးလ်ဗားကတော့ အခုနွေရာသီမှာ၊ ဖူလ်ဟမ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးဖို့ ရှိနေပါတယ်။
ဒေါ့မွန်နည်းပြဟောင်းတာဇစ်ကတော့ ၂၀၂၄ ခုနှစ်၊ နွေရာသီမှာ ဂျာမန်ကလပ်အသင်းမှ ထွက်ခွာလာရပြီးနောက် အသင်းလက်မဲ့ဖြစ်နေပါတယ်။