The network connection is lost.

Banner Image

မိုဆာလက်နေရာမှာအစားထိုးဖို့ တော့တင်ဟမ်မှာရုန်းကန်နေရတဲ့ကြယ်ပွင့်ကို ပစ်မှတ်ထားနေတဲ့ လီဗာပူး

မိုဆာလက်ရဲ့နေရာမှာ အစားထိုးဖို့အတွက် လက်ရှိတော့တင်ဟမ်အသင်းမှာ အငှားဖြင့်ကစားနေတဲ့ မူအာနီကိုခေါ်ယူသွားဖို့ လီဗာပူးအသင်း အထူးစိတ်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အသက် ၃၃ နှစ်အရွယ်မိုဆာလက်က ဒီနွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးဖြင့် လီဗာပူးမှထွက်ခွာဖို့ ရှိနေပြီး အန်ဖီးလ်မှာကျင်လည်ခဲ့တဲ့ ကိုးနှစ်တာကာလကို အဆုံးသတ်တော့မယ်လို့လည်း ကြေညာထားပါတယ်။

ဒါကြောင့် အီဂျစ်ကြယ်ပွင့်ရဲ့နေရာမှာ အစားထိုးနိုင်မယ့်သူကို လီဗာပူးအသင်းရှာဖွေနေရာ ထိပ်တန်းတောင်ပံကစားသမား အတော်များများနဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

Gazzetta dello Sport ရဲ့ဖော်ပြချက်အရ အသက် ၂၇ နှစ်အရွယ်ကစားသမားမူအာနီဟာ လက်ရှိပရီးမီးယားလိဂ်ချန်ပီယံလီဗာပူးအသင်းအတွက် အံ့အားသင့်စရာပစ်မှတ်တစ်ခု ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။

ပီအက်စ်ဂျီမှ တော့တင်ဟမ်ဆီ အငှားဖြင့်လာရောက်ကစားနေတဲ့ မူအာနီက အင်္ဂလန်မြေမှာ အသားကျဖို့ ရုန်းကန်နေရပြီး ပြိုင်ပွဲစုံ ၃၆ ပွဲ ကစားထားရာမှာ ငါးဂိုးသာ သွင်းယူထားနိုင်ပါတယ်။