The network connection is lost.

Banner Image

ဆီဗီလာကိုဝယ်ယူဖို့ကြိုးပမ်းနေမှုရဲ့နောက်ဆုံးအခြေအနေကို ပြောကြားလာတဲ့ ဆာဂျီယိုရာမို့စ်

ဆာဂျီယိုရာမို့စ်က သူ့ရဲ့ငယ်ဘဝကလပ်အသင်းဖြစ်တဲ့ ဆီဗီလာအသင်းကိုဝယ်ယူဖို့အတွက် ရည်မှန်းချက်ကြီးကြီးမားမားနဲ့ ဦးဆောင်ကြိုးပမ်းနေမှုရဲ့ နောက်ဆုံးရသတင်းအချက်အလက်တွေကို ပြောပြလာပါတယ်။

ESPN ရဲ့ ဖော်ပြချက်အရ အသက် ၄၀ အရွယ်ရှိ ရာမို့စ်က Five Eleven Capital လို့ခေါ်တဲ့ ရင်းနှီးမြှုပ်နှံမှုအဖွဲ့ရဲ့ပံ့ပိုးမှုနဲ့အတူ ဆီဗီလာကို ဝယ်ယူနိုင်ဖို့အတွက် ရင်းနှီးမြှုပ်နှံသူအစုအဖွဲ့တစ်ခုကို ဦးဆောင်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း အခက်အခဲတွေနဲ့အတူ မတည်မငြိမ်ဖြစ်ခဲ့တဲ့ အသင်းဆီ ဒေသခံသူရဲကောင်းတစ်ဦးက အခုလိုမျိုးတာဝန်ရှိသူတစ်ဦးအဖြစ် ပြန်လာမယ့်ကိစ္စအပေါ် ပရိသတ်တွေကလည်း အတော်လေး စိတ်လှုပ်ရှားနေကြပါတယ်။ 

အင်္ဂါနေ့၊ ဆီဗီးလ်မြို့မှာ ပြုလုပ်ခဲ့တဲ့ အခမ်းအနားတစ်ခုမှာ စပိန်လက်ရွေးစင်အသင်းခေါင်းဆောင်ဟောင်းရာမို့စ်က ဒီကိစ္စနဲ့ပတ်သက်ပြီး အဖြေတစ်ခုကို မကြာခင်သိရတော့မယ်လို့ အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။

"နောက်ထပ်လအနည်းငယ် ဒါမှမဟုတ် ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ သတင်းတစ်ခုခု ထွက်လာလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ အဲဒါကလည်း ကျွန်တော်တို့အားလုံးမျှော်လင့်နေတဲ့ သတင်းကောင်း ဖြစ်လာလိမ့်မယ်လို့ ယုံကြည်မိပါတယ်။ အရာအားလုံး အဆင်ပြေပြေ ဖြစ်နေပါတယ်" လို့ ၎င်းက ဆိုပါတယ်။