The network connection is lost.

Banner Image

ဆီမီးဖိုင်နယ်အောင်ပွဲနဲ့ပတ်သက်လို့ အမြင်ကို ထုတ်ဖော်ပြောပြလာတဲ့ ဟယ်ရီကိန်း

ယမန်နေ့ညပိုင်း၊ BayArena ကွင်းမှာ အသင်းဖော်တွေရဲ့ကြိုးစားအားထုတ်မှုအပေါ် အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်းက အလွန်အားရကျေနပ်နေပါတယ်။ ဘိုင်ယန်မြူးနစ်နဲ့ လေဗာကူဆင်တို့ရဲ့ ပိုကယ်လ်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အဖွင့်ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဟယ်ရီကိန်းက ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အသင်းကို ဗိုလ်လုပွဲဆီ ပို့ဆောင်ပေးနိုင်ခဲ့လို့ ဝမ်းသာအားရနေပါတယ်။

"ပွဲစဉ်တလျှောက်လုံး အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့တာပါ။ ကျွန်တော်တို့ သူတို့ကို ဖိအားပေးကစားနိုင်ခဲ့သလို ဘောလုံးကိုလည်း ပြိုင်ဘက်ကွင်းဘက်အခြမ်းအထိ တက်လုနိုင်ခဲ့ပါတယ်" လို့ ဟယ်ရီကိန်းက ပွဲအပြီး အင်တာဗျူးဖြေကြားရာမှာ ပြောဆိုခဲ့ပါတယ်။ "တကယ်တော့ ကျွန်တော်တို့ ဂိုးတွေ ပိုသွင်းပြီး ပွဲကို အစောကြီးကတည်းက အဆုံးအဖြတ်ပေးထားခဲ့သင့်တယ်။ ခြုံပြောရရင်တော့ သူတို့က ဂိုးသွင်းခွင့် အများကြီးမရခဲ့သလို ကျွန်တော်တို့လည်း အနိုင်ရလဒ်နဲ့ ထိုက်တန်ခဲ့ပါတယ်" လို့ သူက ဆက်ပြောပါတယ်။

ဒီအင်္ဂလန်ဂိုးသွင်းစက်က ဘိုင်ယန်မြူးနစ်အသင်းအတွက် ဂျာမန်ပိုကယ်လ်ဖလား ဘယ်လောက်အရေးကြီးတယ်ဆိုတာကို အခုဘောလုံးရာသီတလျှောက်လုံး အလေးပေးပြောကြားခဲ့ပါတယ်။ "ပိုကယ်လ်ဖလားရဖို့ဆိုတာ ဒီရာသီအတွက် ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တစ်ခုလို့ ရာသီအစပိုင်းမှာ ပြောခဲ့ကြပါတယ်။ ဘာလင်မှာ ကစားရတယ်ဆိုတာ တကယ့်ကို အံ့ဩစရာကောင်းတဲ့ အတွေ့အကြုံဖြစ်တယ်လို့ အသင်းဖော်တွေ ပြောပြဖူးပါတယ်။ အခု အဲဒီကိုရောက်သွားပြီဆိုတော့ ကျွန်တော် တကယ်ပျော်ရွှင်မိပါတယ်" လို့ ဆိုပါတယ်။

အသက် ၃၂ နှစ်အရွယ်ဟယ်ရီကိန်းက လာမယ့်မေ ၂၃ ရက် (စနေနေ့)၊ ဘာလင်မှာ စတုဂတ်(သို့မဟုတ်)ဖရိုင်းဘတ်နဲ့ရင်ဆိုင်ရမယ့် ပိုကယ်လ်ဖလားဗိုလ်လုပွဲကို ပထမဆုံးအကြိမ် ပါဝင်ဆင်နွှဲသွားပါတော့မယ်။