The network connection is lost.

Banner Image

အီမီ မာတီနက်ဇ် ရဲ့ နေရာကို အစားထိုးဖို့ ဂျပန်ကြယ်ပွင့်ဂိုးသမားကို အက်စတွန်ဗီလာ အသင်း မျက်စိကျနေ

အက်စတွန်ဗီလာ အသင်းဟာ အီမီ မာတီနက်ဇ် ရဲ့ နေရာမှာ အလားအလာရှိတဲ့ အစားထိုးကစားသမားတစ်ဦးအဖြစ် ဂျပန်လက်ရွေးစင် ဇီယွန် ဆူဇူကီ ကို ခေါ်ယူဖို့ စိတ်ဝင်စားသူများစာရင်းထဲ ထည့်သွင်းထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မာတီနက်ဇ်ဟာ ဒီနွေရာသီမှာ ဗီလာပါ့ခ် ကွင်းကနေ ထွက်ခွာဖို့ သတင်းတွေ အပြင်းအထန် ထွက်ပေါ်နေတာဖြစ်ပြီး၊ အီတလီဘီလူးကြီး ဂျူဗင်တပ်စ် အသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

ဖာဘရီဇီယို ရိုမာနို ရဲ့ အဆိုအရ မန်နေဂျာ အူနိုင်း အမ်မရီ ရဲ့ အသင်းဟာ ကမ္ဘာ့ဖလားချန်ပီယံ မာတီနက်ဇ် မရှိတော့မယ့် အခြေအနေအတွက် ကြိုတင်ပြင်ဆင်နေပြီး ဂိုးသမားနေရာ ရွေးချယ်မှုအသစ်တွေကို ရှာဖွေနေတယ်လို့ သိရပါတယ်။

အကယ်၍ မာတီးနက်ဇ်သာ အသင်းကနေ တကယ် ထွက်ခွာသွားခဲ့ရင် ပါးမားအသင်းနဲ့ ဂျပန်အသင်းရဲ့ ဂိုးသမားဖြစ်တဲ့ ဆူဇူကီဟာ ဗီလာအသင်းရဲ့ စိတ်ဝင်စားသူစာရင်းထဲက အမည်သုံးဦးအနက် တစ်ဦးအဖြစ် ပါဝင်နေတာပါ။

အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆူဇူကီဟာ ဂျပန်အသင်းနဲ့အတူ သူ့ရဲ့ ပထမဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ဖို့ ရှိနေပြီး၊ ဗီလာအသင်းဟာ သူ့ကို လပေါင်းများစွာကတည်းက စောင့်ကြည့်လေ့လာခဲ့တာဖြစ်တယ်လို့ ရိုမာနိုက ထပ်လောင်း ပြောကြားခဲ့ပါတယ်။