ဒီနှစ်ကမ္ဘာ့ဖလားရဲ့ပထမဆုံးသရေပွဲအဖြစ် တစ်မှတ်စီခွဲယူသွားခဲ့ကြတဲ့ ကနေဒါနဲ့ ဘော့စနီးယား
ကနေဒါ ၁ - ၁ ဘော့စနီးယား (ပွဲပြီးရလဒ်)
အိမ်ရှင်ကနေဒါအသင်းက ရည်မှန်းချက်ကြီးစွာနဲ့ ပွဲကိုစတင်ခဲ့ပေမဲ့ ပြိုင်ဘက် ဘော့စနီးယားအသင်းကပဲ ဦးဆောင်ဂိုးရရှိသွားခဲ့ပါတယ်။ ဦးဆောင်ဂိုးပေးလိုက်ရပြီးနောက် ကနေဒါတို့ ဆက်တိုက်ဆိုသလို တိုက်စစ်ဆင်ကစားပြီး အခွင့်အရေးတွေလည်းရခဲ့ပေမဲ့ အဆုံးသတ်အားနည်းလွန်းတာကြောင့် ချေပဂိုးနဲ့ဝေးကွာနေခဲ့ပါတယ်။ ၇၈မိနစ်မှာတော့ လူစားဝင်တိုက်စစ်မှူး လာရင်က ချေပဂိုးရယူပေးခဲ့တာကြောင့် ကနေဒါတို့ အိမ်ကွင်းပရိသတ်ရှေ့မှာ သရေတစ်မှတ်ရယူသွားနိုင်ခဲ့ပါတယ်။