The network connection is lost.

Banner Image

ဩစတြေးလျကို ဂိုးပြတ်အနိုင်ယူကာ ရှုံးထွက်အဆင့်ကိုတက်ရောက်သွားတဲ့ အမေရိကန်

အမေရိကန် ၂ - ၀ ဩစတြေးလျ (ပွဲပြီးရလဒ်)

အမေရိကန်အသင်းဟာ အဖွင့်ပွဲမှာ ပါရာဂွေးရဲ့OGဂိုးနဲ့ စောစောစီးစီး ဦးဆောင်နိုင်ခဲ့သလို ဒီနေ့ပွဲမှာလည်း ပွဲအစ၁၀မိနစ်မှာတင် ဩစတြေးလျရဲ့ချေပဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ပထမပိုင်းပြီးခါနီးမှတော့ ဖရီးမန်းက အမေရိကန်အတွက် ဒုတိယဂိုးကို ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။

ဩစတြေးလျက တူရကီနဲ့ပွဲမှာ ခံစစ်ပိုင်းစွမ်းဆောင်ရည်ကောင်းပြခဲ့ပေမဲ့ ဒီညပွဲမှာတော့ ရုန်းကန်ခဲ့ရပြီး နှစ်ဂိုးပြတ်အရေးနိမ့်ခဲ့ရပါတယ်။

အမေရိကန်ကတော့ အိမ်ရှင် မက္ကဆီကိုအပြီး ရှုံးထွက်အဆင့်ကိုတက်ရောက်နိုင်တဲ့ ဒုတိယမြောက်အသင်းဖြစ်လာခဲ့ပါတယ်။