ဟေတီကို ဂိုးပြတ်အနိုင်ယူခဲ့တဲ့ ဘရာဇီး
ဘရာဇီး ၃-၀ ဟေတီ (ပွဲပြီးရလဒ်)
အုပ်စုအဖွင့်ပွဲစဉ်မှာ သရေတစ်မှတ်နဲ့သာ ကျေနပ်ခဲ့ရတဲ့ ဘရာဇီးအသင်းက အခုပွဲစဉ်မှာတော့ ပြိုင်ဘက်ဟေတီကို ဂိုးပြတ်အနိုင်ယူပြီး ရှုံးထွက်အဆင့်တက်ရောက်နိုင်ဖို့ အခြေအနေကောင်းတစ်ရပ်ကို ဖန်တီးနိုင်ခဲ့ပါတယ်။ အခုပွဲစဉ်ရဲ့အဆုံးအဖြတ်သွင်းဂိုးတွေကို ပထမပိုင်းပွဲချိန်အတွင်း ကွန်ဟာ(၂ ဂိုး)၊ ဗင်နီးစီးယက်စ်တို့က သွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်တွေမှာတော့ ဘရာဇီးရော၊ ဟေတီပါ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပေမဲ့ အသုံးမချနိုင်ခဲ့လို့ နောက်ထပ်သွင်းဂိုးတွေ မမြင်တွေ့ခဲ့ရပါဘူး။