တစ်ယောက်လျော့ ပါရာဂွေးကို ရှုံးနိမ့်ပြီး အုပ်စုကထွက်လိုက်ရတဲ့ တူရကီ
တူရကီ ၀ - ၁ ပါရာဂွေး (ပွဲပြီးရလဒ်)
တူရကီအသင်းဟာ စူပါစတားကစားသမားတွေပါဝင်ပေမဲ့ ပွဲအစ ၂မိနစ်ကတည်းက သွင်းယူထားတဲ့ ပါရာဂွေးရဲ့ဂိုးကိုချေပနိုင်ခြင်းမရှိ နှစ်ဆက်ရှုံးပွဲတွေ့ကာ အုပ်စုကထွက်ခဲ့ရပါတယ်။
ပါရာဂွေးက ပထမပိုင်းမပြီးခင်မှာ အယ်လ်မီရွန် တိုက်ရိုက်အနီကတ်နဲ့ထုတ်ပယ်ခံခဲ့ရတာကြောင့် ဒုတိယပိုင်းတစ်ပိုင်းလုံးတစ်ယောက်လျော့နဲ့ကစားခဲ့ရပါတယ်။ ဒါပေမဲ့ အော်လန်ဒိုဂီလ်ရဲ့လက်စွမ်းပြမှုနဲ့အတူ မာကျောတဲ့ခံစစ်စွမ်းဆောင်ကြောင့် အဖိုးတန်၃မှတ်ကိုရယူနိုင်ခဲ့ပါတယ်။
တူရကီက ဒုတိယပိုင်းတစ်ပိုင်းလုံး တစ်ယောက်အသာနဲ့ကစားခဲ့ရသလို အခွင့်အရေးပေါင်းများစွာလည်းရခဲ့ပေမဲ့ ချေပဂိုးတောင်ပြန်မသွင်းနိုင်ဘဲ အုပ်စုအဆင့်နဲ့ပဲကျေနပ်ခဲ့ရပါတယ်။