လာခရော့ဇ်ရဲ့နေရာမှာ အစားထိုးဖို့အတွက် ခရစ္စလိန်း မတ်ဆီမာကို ခရစ္စတယ်ပဲလေ့စ် ကမ်းလှမ်း
ခရစ္စတယ်ပဲလေ့စ်အသင်းဟာ မက်ဆန့်စ် လာခရော့ဇ်ရဲ့နေရာမှာ အစားထိုးဖို့အတွက် အောက်စ်ဘတ်အသင်းရဲ့ ခရစ္စလိန်း မတ်ဆီမာကို ကမ်းလှမ်းမှုပြုလုပ်ခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။
အသက် ၂၆ နှစ်အရွယ် လာခရော့ဇ်ဟာ ပေါင် ၅၂ သန်းတန်ကြေးရှိတဲ့ သဘောတူညီမှုနဲ့အတူ ဆဲလ်ဟာ့စ်ပတ်ခ်ကနေ စတန်းဖို့ဒ်ဘရစ်ချ်ဆီ ပြောင်းရွှေ့ဖို့ ရှိနေပြီး မကြာခင်မှာပဲ တရားဝင်ထုတ်ပြန်ကြေညာတော့မှာ ဖြစ်ပါတယ်။
Sky Germany ရဲ့ ဖော်ပြချက်အရ ပဲလေ့စ်အသင်းဟာ ပြင်သစ်လက်ရွေးစင်ကစားသမားရဲ့နေရာမှာ အစားထိုးမယ့်သူကို အတည်ပြုပြီးဖြစ်ကာ အောက်စ်ဘတ်အသင်းက မတ်ဆီမာအတွက် ပေါင် ၂၁.၅ သန်းနဲ့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ အသက် ၂၄ နှစ်အရွယ် ပြင်သစ်လူမျိုး မတ်ဆီမာကလည်း ပရီးမီးယားလိဂ်ကလပ်အသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပြီး ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုတွေလည်း ရရှိထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။
မတ်ဆီမာဟာ လန်ဒန်မှာ အမြန်ဆုံးလာရောက်ကစားနိုင်ဖို့အတွက် အသင်းနှစ်သင်းကြား ညှိနှိုင်းမှုတွေ အမြန်ဆုံးအဆင်ပြေသွားဖို့ မျှော်လင့်နေပါတယ်။