The network connection is lost.

Banner Image

အပြောင်းအရွှေ့ဆွေးနွေးမှုတွေကို ဘက်ဆစ်တက် ရပ်ဆိုင်းလိုက်လို့ မိုဆာလက်နဲ့ ရင်ဆိုင်ရဖို့မရှိတော့တဲ့ မစ်ဂျေလန်း

ယူရိုပါလိဂ်ခြေစစ်ပွဲဒုတိယအကျော့မှာ မစ်ဂျေလန်းအသင်းက မိုဆာလက်နဲ့ရင်ဆိုင်ဖို့ မလိုအပ်တော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ တူရကီကလပ်ဘက်ဆစ်တက်က အီဂျစ်တိုက်စစ်မှူးနဲ့ အပြောင်းအရွှေ့ဆွေးနွေးမှုတွေကို ရပ်ဆိုင်းလိုက်လို့ ဖြစ်ပါတယ်။

လီဗာပူးမှထွက်ခွာလာပြီးနောက် ပြောင်းရွှေ့ကြေးအလွတ်ဖြင့်ရရှိနိုင်မယ့် အသက်-၃၄ နှစ်အရွယ်ကစားသမားကို ခေါ်ယူဖို့ ဘက်ဆစ်တက်အသင်း အတော်လေးကြိုးစားခဲ့ပါတယ်။

ဒါပေမဲ့ အခုတော့ ဘီဆစ်တက်အားကစားဒါရိုက်တာအွန်ဒါအိုဇန်ကိုယ်တိုင် မိုဆာလက်နဲ့ဆွေးနွေးမှုတွေကို ရပ်တန့်လိုက်ပြီလို့ အတည်ပြုခဲ့ပါတယ်။

"ကျွန်တော်တို့ မိုဆာလက်နဲ့ သုံးကြိမ်တိုင်တိုင် တွေ့ဆုံခဲ့ပြီး အသင်းရဲ့စီမံကိန်းတွေကို ရှင်းပြခဲ့ပါတယ်။ သူက ကျွန်တော်တို့နည်းပြနဲ့လည်း တွေ့ခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ ကျွန်တော်တို့ ဆွေးနွေးမှုတွေကို ရပ်လိုက်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ကလပ်အသင်းမှာ ကိုယ်ပိုင်မူဝါဒတွေရှိလို့ အဲဒါတွေကိုတော့ အလျှော့အတင်း မလုပ်နိုင်ပါဘူး" လို့ အွန်ဒါအိုဇန်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ဒီအကြောင်းအရာကို တူရကီသတင်းဌာန Fanatik က ဖော်ပြထားပါတယ်။

ဆက်လက်ပြီး အားကစားဒါရိုက်တာက မိုဆာလက်နဲ့ သူ့ရဲ့အေးဂျင့်တွေ တောင်းဆိုတဲ့ ငွေကြေးပမာဏကို ပေးချေသွားဖို့လည်း ဆန္ဒမရှိဘူးလို့ ရှင်းပြခဲ့ပါတယ်။

"လက်ရှိကမ်းလှမ်းထားတဲ့ ဈေးနှုန်းထက် ပိုတိုးပေးဖို့ မရှိပါဘူး။ သူတို့ဘက်က ဒီဈေးနဲ့ လက်ခံမယ်ဆိုရင်တော့ အဆင်ပြေပါတယ်။ အထူးသဖြင့် အေးဂျင့်ခ (Agent fee) နဲ့ ပတ်သက်ပြီး အတော်လေးများလွန်းတဲ့တောင်းဆိုမှုတွေ ရှိနေလို့ပါ" လို့ သူက ဆိုပါတယ်။

လာမယ့်ကြာသပတေးနေ့မှာတော့ ဘက်ဆစ်တက်နဲ့ မစ်ဂျေလန်းတို့ ယူရိုပါလိဂ်ခြေစစ်ပွဲဒုတိယအကျော့အဖြစ် ရင်ဆိုင်ရဖို့ရှိနေပြီး ပထမအကျော့မှာ တူရကီကလပ်အသင်းက ၁-၀ ဂိုးဖြင့် အနိုင်ရရှိထားပါတယ်။