The network connection is lost.

Banner Image

အာနိုးလ်အတွက် ခံစစ်ကစားဖို့ အရမ်းအရေးကြီးတယ်ဆိုတာ မော်ရင်ဟို ရှင်းပြလိမ့်မယ်လို့ ဂါးလက်စ်ပြောကြား

နည်းပြသစ်မော်ရင်ဟိုရဲ့လက်အောက်မှာ အာနိုးလ်ကိုယ်တိုင် ဘယ်လိုပုံစံမျိုးနဲ့ ကစားရမလဲဆိုတာကို ဝီလီယံဂါးလက်စ်က ပြောပြလာပါတယ်။

လီဗာပူးကြယ်ပွင့်ဟောင်းက ပြီးခဲ့တဲ့ဘောလုံးရာသီမှာ နည်းပြတွေဖြစ်တဲ့ ဇာဘီအလွန်ဆိုနဲ့ အာဘယ်လိုအာတို့ လက်အောက်မှာ ပွဲ ၃၀ ဝန်းကျင် ကစားခဲ့ပြီး ဂိုးဖန်တီးမှု ငါးကြိမ် ပြုလုပ်ခဲ့ပါတယ်။ အဲဒီနည်းပြတွေက အာနိုးလ်ထက်စာရင် ကာဗာဂျယ်လ်ကို ပိုပြီး ဦးစားပေးအသုံးပြုလေ့ ရှိပါတယ်။

အာနိုးက ကြွက်သားဒဏ်ရာမကြာခဏခံစားနေရလို့ ပွဲစဉ်အများစုနဲ့ လွဲချော်ခဲ့ရသလို လီဗာပူးမှာ ကမ္ဘာ့အကောင်းဆုံးနောက်ခံလူအဖြစ် ချီးကျူးမှုတွေ ရရှိခဲ့ပေမဲ့ အသင်းသစ်မှာတော့ ပွဲထွက်ခွင့်ဆက်တိုက်ရရှိဖို့ ခက်ခဲနေခဲ့ပါတယ်။

အခုနွေရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းကို ပြန်လည်တည်ဆောက်ဖို့ ရောက်ရှိလာတဲ့ ဂန္တဝင်နည်းပြမော်ရင်ဟိုကိုယ်တိုင် အာနိုးလ်ရဲ့အားနည်းချက်ဖြစ်တဲ့ ခံစစ်ပိုင်းအပေါ် ဘယ်လိုမျိုး အာရုံစိုက်လာမလဲဆိုတာ ဂါးလက်စ်က talkSPORT Bet ဆီ ပြောပြခဲ့ပါတယ်။

"အာနိုးလ်ရဲ့ အကောင်းဆုံးကစားပုံက ဂိုးဖန်တီးပေးမှုနဲ့ တန်ပြန်တိုက်စစ်မှာ ပါဝင်မှုဆိုတာကို ကျွန်တော်တို့ သိပါတယ်။ ဒါပေမဲ့ နောက်ခံလူတစ်ဦးဖြစ်နေလို့ သူ့ကို ခံစစ်လည်း ကောင်းကောင်း ကစားစေချင်ပါတယ်"

"မော်ရင်ဟိုက သူ့ကို အခွင့်အရေး ပေးလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ သူ့ကို ဒီတိုင်း ဘေးဖယ်ထားမှာ မဟုတ်ပါဘူး။ သူနဲ့ စကားပြောပြီး ခံစစ်ကစားဖို့ ဘယ်လောက်အရေးကြီးလဲဆိုတာ ရှင်းပြပါလိမ့်မယ်။ ဘာတွေလိုအပ်လဲဆိုတာကို သူတို့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြပါလိမ့်မယ်"

"နောက်ခံလူဆိုတာ ခံစစ်ကို ကောင်းကောင်းကစားနိုင်ရပါမယ်။ အသင်းမှာရှိတဲ့ အရည်အချင်းတွေအရ ခံစစ်ပိုင်း ပိုပြီးတောင့်တင်းလေ နိုင်ပွဲရဖို့ အခွင့်အရေး ပိုများလေပါပဲ။ သူသာ ပွဲထွက်လူစာရင်းမှာ ပါချင်တယ်ဆိုရင် ခံစစ်ကို အရင်ဆုံးကောင်းအောင် လုပ်ရမယ်ဆိုတာ မော်ရင်ဟိုက ရှင်းပြပါလိမ့်မယ်"

"ဒါကြောင့် မော်ရင်ဟိုက သူ့ကို အခွင့်အရေးပေးဖို့ရှိနေပြီး အာနိုးဘက်ကလည်း ခံစစ်ကို ပိုပြီး အာရုံစိုက်လာအောင် သူ့ရဲ့ကစားဟန်ကို ပြောင်းလဲဖို့ လိုပါလိမ့်မယ်။ မဟုတ်ရင် အာနိုးလ်တော့ အသင်းမှ မကြာခင်ထွက်သွားရနိုင်ပါတယ်" လို့ ဂါးလက်စ်က ဆိုပါတယ်။

အခုတော့ ကာဗာဂျယ်လ်လည်း ရီးရဲလ်မက်ဒရစ်မှာ မရှိတော့သလို အာနိုးလ်လည်း ကြံ့ခိုင်မှု ပြည့်၀နေပါပြီ။ ဒါကြောင့် သူ့ကို ညာနောက်ခံလူနေရာမှာ ပထမဦးစားပေးအဖြစ် သုံးချင်နေတဲ့ မော်ရင်ဟိုအတွက် အာနိုးလ်ကိုယ်တိုင် အစွမ်းပြရမယ့် ရာသီတစ်ခု ဖြစ်လာနိုင်ပါတယ်။