The network connection is lost.

Banner Image

ဂျာမနီနဲ့သရေကျခဲ့တဲ့ပွဲစဉ်မှာ နယ်သာလန်အတွက် အခုထက်ပိုမိုကောင်းမွန်တဲ့ ရလဒ်နဲ့ ထိုက်တန်ခဲ့တယ်လို့ ဇာဗီ ပြောကြား

စပိန်ဂန္တဝင်ဇာဗီက သူ့ရဲ့နယ်သာလန်နည်းပြဘ၀ပွဲဦးထွက်မှာ အသင်းရဲ့ကစားပုံကို အလွန်ကျေနပ်မိတယ်လို့ ပြောကြားခဲ့ပေမဲ့ ဂျာမနီနဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်အတွက် အနိုင်ရရှိမယ့်အသင်း ထွက်ပေါ်ခဲ့သင့်တယ်လို့ ဝန်ခံပြောဆိုလိုက်ပါတယ်။
 
အမ်စတာဒမ်မြို့မှာကစားခဲ့တဲ့ပွဲစဉ်မှာ ဇာဗီရဲ့အသင်းအတွက် ပွဲချိန်နှောင်းပိုင်းချေပဂိုးကို ဗန်ဘွန်မဲလ်ရဲ့လှပသေသပ်တဲ့ဖြတ်တင်ဘောမှတဆင့် ဂတ်ပိုက မြေမကျကန်သွင်းယူခဲ့ပြီး တစ်ဖက်တစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

ပွဲစဉ်အပြီး ဇာဗီက မတူညီတဲ့အပိုင်းအခြားနှစ်ခု ရှိခဲ့ပေမဲ့ ဂုဏ်ယူစရာပွဲစဉ်လည်း ဖြစ်ခဲ့တယ်လို့ သုံးသပ်လိုက်ပါတယ်။
 
ဒတ်ချ်ရုပ်သံလိုင်း NOS နဲ့တွေ့ဆုံချိန် ဇာဗီက "ပွဲပြီးခါနီး သွင်းဂိုးအတွက် တကယ်ပဲ ပျော်ရွှင်မိပါတယ်။ ပထမပိုင်းမှာ ကျွန်တော်တို့ စိတ်လှုပ်ရှားစွာ ကစားခဲ့ရပေမဲ့ ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ ကစားချင်တဲ့ ပုံစံအတိုင်း မြင်တွေ့ခဲ့ရပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
 
"ကျွန်တော်တို့ရဲ့ စရိုက်လက္ခဏာနဲ့ စွမ်းအားတွေကို ပြသနိုင်ခဲ့ပြီး ပြိုင်ဘက်ကို ဖိအားပေးကစားနိုင်ခဲ့ပါတယ်။ ဘောလုံးပိုင်ဆိုင်မှု အများကြီးရရှိခဲ့သလို တိုက်စစ်ဆင်ကစားဖို့လည်း စိတ်အားထက်သန်ခဲ့ပါတယ်။ ဒါ အစပဲ ရှိပါသေးတယ်။ ဒါပေမဲ့ ဒီညရဲ့ကစားပုံစွမ်းဆောင်ရည်နဲ့ပတ်သက်လို့ ကျွန်တော် ကျေနပ်မိပါတယ်" လို့ ဆက်ပြောပါတယ်။

အခုပွဲစဉ်မှာ နယ်သာလန်အတွက် ဗန်ဒိုက်ရဲ့အဖွင့်ဂိုးကို VAR ပြန်လည်စစ်ဆေးမှုအရ ပယ်ဖျက်ခဲ့သလို မာဒင့်ခ်ရဲ့သွင်းဂိုးကိုလည်း ဂိုးဧရိယာအတွင်း ပြစ်ဒဏ်ကျူးလွန်မှုကြောင့် ပယ်ဖျက်ခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်တွေမှာတော့ နယ်သာလန်တို့ ပွဲကို လုံး၀စိုးမိုးထားပြီး ပြိုင်ဘက်အတွက် အခွင့်အရေးမရှိအောင် ကစားနိုင်ခဲ့လို့ ဇာဗီကတော့ နိုင်ပွဲနဲ့ထိုက်တန်တဲ့ နယ်သာလန်အသင်းလို့ ယုံကြည်ခဲ့ပါတယ်။
 
"အထူးသဖြင့် ဒုတိယပိုင်းနဲ့ပတ်သက်ပြီး ကောင်းမွန်တဲ့ ခံစားချက် ရှိပါတယ်။ နောက်ဆုံးမှာ ကျွန်တော်တို့ ဒီထက်ပိုကောင်းတဲ့ ရလဒ်နဲ့ ထိုက်တန်ခဲ့ပါတယ်။ ကောင်းကောင်း ကစားနိုင်ခဲ့တယ်၊ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့သလို ဖိအားအပြင်းအထန်ပေးနိုင်ခဲ့ပေမဲ့ တစ်ဦးချင်းရင်ဆိုင်တိုက်ပွဲအချို့မှာ ရှုံးနိမ့်ခဲ့တာကိုတော့ သဘောမကျပါဘူး" လို့ ဇာဗီက ဆိုပါတယ်။
 
"ကျွန်တော်တို့က လေ့ကျင့်ရေးကွင်းမှာ ဒီလိုမျိုး ကစားခဲ့ကြတာပါ။ လေ့ကျင့်ထားတဲ့အတိုင်းပဲ ကစားပြခဲ့ပါတယ်။ ကစားသမားတွေက စရိုက်လက္ခဏာကောင်းတွေ ပြသခဲ့ကြသလို ပျော်ရွှင်နေခဲ့ကြပါတယ်။ ပထမပိုင်းအပြီး အနားယူချိန်မှာ ကစားသမားတွေကို ကိုယ်ပိုင်ဟန်ပိုပြီးပြသဖို့နဲ့ ဘောလုံးကို ပိုမိုထိန်းချုပ်ကစားဖို့ ပြောခဲ့ပါတယ်" လို့ ဆက်ပြောပါတယ်။