ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲကို နိုင်ဂျီးရီးယား လက်ခံကျင်းပဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ အင်ဖန်တီနို ပြောကြား
နိုင်ဂျီးရီးယားနိုင်ငံမှာ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲကို လက်ခံကျင်းပဖို့အတွက် အခြေခံအဆောက်အအုံလိုအပ်ချက်တွေ ရှိနေသေးတယ်လို့ ဖီဖာဥက္ကဋ္ဌအင်ဖန်တီနိုက ယူဆနေပါတယ်။
အားကစားကွင်းတွေ၊ လေဆိပ်တွေနဲ့ ပို့ဆောင်ရေးကွန်ရက်တွေမှာ လိုအပ်ချက်တွေ ရှိနေတယ်ဆိုတာကို ဖီဖာအကြီးအကဲက ထောက်ပြခဲ့ပေမဲ့ နိုင်ဂျီးရီးယားရဲ့အနာဂတ် အလားအလာတွေအပေါ်မှာတော့ အကောင်းမြင်ထားဆဲပဲလို့ သူက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
Arise TV မှာ အင်ဖန်တီနိုက "ကမ္ဘာ့ဖလားပြိုင်ပွဲတစ်ခု လက်ခံကျင်းပဖို့အတွက် အဓိကသော့ချက်ကတော့ အခြေခံအဆောက်အအုံတွေ၊ အားကစားကွင်းတွေ၊ လေဆိပ်တွေနဲ့ သယ်ယူပို့ဆောင်ရေးစနစ်တွေ ဖြစ်ပါတယ်။ ဒါတွေကို အကောင်းဆုံးအဆင့်အတန်းဆီမှာ ရှိနေဖို့လိုအပ်တယ်ဆိုတာ ထင်ရှားပါတယ်"
"နိုင်ဂျီးရီးယားမှာ သယံဇာတ အရင်းအမြစ်တွေ ရှိတယ်၊ စိတ်အားထက်သန်မှုတွေ ရှိတယ်၊ အားကစားကွင်းတွေနဲ့ပတ်သက်ပြီး စီစဉ်ထားတဲ့ စီမံကိန်းတွေကို ရှေ့ဆက် အကောင်အထည်ဖော်ဖို့ စိတ်ဆန္ဒလည်း ရှိတယ်လို့ ကျွန်တော် ထင်ပါတယ်" လို့ ပြောပါတယ်။