ဂိုးကံခေမှုတွေကြောင့် အိမ်ကွင်းမှာ သရေတစ်မှတ်သာရခဲ့တဲ့ အာဆင်နယ်
အာဆင်နယ် ၁ -၁ ဒေါ့မွန် (ပွဲပြီးရလဒ်)
အာဆင်နယ်အသင်းက ယနေ့ပွဲစဉ်မှာလည်း နယူးကာဆယ်နဲ့ပွဲတုန်းကလို ဒုတိယပိုင်းမှာ ကစားအားကျသွားခဲ့တာကြောင့် ချေပဂိုးပြန်ပေးခဲ့ရသလို ဂိုးကံခေမှုတွေကြောင့် အိမ်ကွင်းမှာ သရေတစ်မှတ်သာရခဲ့ပါတယ်။
ဒေါ့မွန်ကတော့ ရရှိလာတဲ့ အခွင့်အရေးကို အကောင်းဆုံးအသုံးချနိုင်ခဲ့သလို လက်ကျန်ပွဲချိန်တွေမှာလည်း ဦးဆောင်ဂိုးထပ်မပေးရအောင် ထိန်းကစားနိုင်ခဲ့ပါတယ်။
အာဆင်နယ်က ယနေ့နံနက် သရေပွဲကြောင့် နယူးကာဆယ်ပွဲစဉ်နဲ့အတူ နှစ်ပွဲဆက်သရေရလဒ်တွေချည်း ထွက်ပေါ်ခဲ့ရပါတယ်။