The network connection is lost.

Banner Image

အန်ဆယ်လော့တီနဲ့စာချုပ်သစ်ချုပ်ဆိုဖို့ နီးစပ်နေပြီလို့ အတည်ပြုခဲ့တဲ့ ဘရာဇီးဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ

ဘရာဇီးဘောလုံးအဖွဲ့ချုပ်(CBF)ဥက္ကဋ္ဌ ဆာမီယာဇာအွတ်က လက်ရွေးစင်အသင်းနည်းပြအန်ဆယ်လော့တီနဲ့ စာချုပ်သစ်ချုပ်ဆိုတော့မယ်လို့ ပြောကြားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်၊ အေစီမီလန်နဲ့ ချဲလ်ဆီးနည်းပြဟောင်းက အခုနှစ်၊ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးဆုံးချိန်အထိ CBF နဲ့ စာချုပ်သက်တမ်း ရှိနေပါတယ်။
ဒါပေမဲ့ အီတာလျံဝါရင့်နည်းပြကြီးရဲ့သက်ရောက်မှုကြောင့် လာမယ့်ကိုပါအမေရိကပြိုင်ပွဲအတွက်သာမက ၂၀၃၀ ပြည့်နှစ်ကမ္ဘာ့ဖလားပြိုင်ပွဲအထိပါ သူ့ကို ဆက်ရှိနေစေဖို့ CBF မှ လိုလားနေပါတယ်။

တနင်္ဂနွေနေ့၊ မီဒီယာတွေ့ဆုံမှုမှာ ဇာအွတ်က “ စာချုပ်သက်တမ်းတိုးဖို့ဆွေးနွေးမှုတွေ စတင်နေပြီး နှစ်ဖက်လုံးရဲ့စိတ်ဝင်စားမှုလည်း ရရှိထားပါတယ်။ သူရဲ့အလုပ်တွေကို အတူတကွဆက်လက်လုပ်ဆောင်နိုင်ဖို့ ဗျူရိုကရေစီဆိုင်ရာယန္တရားအချို့ကိုလည်း ပြောင်းလဲပေးနေပါတယ်။ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် စာချုပ်သက်တမ်းတိုးမြှင့်ဖို့ဆိုတာ ဘရာဇီးဘောလုံးလောကကြီးတစ်ခုလုံးအတွက် အလွန်အရေးကြီးပါတယ်။ ကာလလတ်မှတဆင့် ကာလရှည်လုပ်ငန်းအစီအမံတွေကို ယုံကြည်တယ်ဆိုတာ ကျွန်တော် အမြဲတမ်းပြောခဲ့ပြီးပါပြီ။

စနစ်ကျတဲ့လုပ်ဆောင်မှုတစ်ခုပါ။ ကာလတိုအတွင်းမှာပဲ အန်ဆယ်လော့တီက လူပုဂ္ဂိုလ်တစ်ဦးအဖြစ်၊ နည်းပြတစ်ဦးအဖြစ် အရည်အသွေးတွေ၊ အရည်အချင်းတွေ ပြသခဲ့ပါတယ်။ သူက ဘရာဇီးလက်ရွေးစင်အသင်းနဲ့ CBF အတွက် ပြီးပြည့်စုံလွန်းပါတယ်။ ကျွန်တော်တို့လည်း ဒီအလုပ်ကို ဆက်လုပ်သွားချင်ပါတယ်။ ဘရာဇီးဘောလုံးလောကအတွက် အန်ဆယ်လော့တီကိုယ်တိုင် အချိန်ပိုပေးနိုင်ဖို့ မျှော်လင့်မိပါတယ်”လို့ ပြောပါတယ်။