The network connection is lost.

Banner Image

ဘယ်လိုအခြေအနေမျိုးမှာ အန်းစလော့အတွက် အဆိုးဆုံးဖြစ်လာမလဲဆိုတာ ထုတ်ပြောလိုက်တဲ့ ကာရေဂါ

လီဗာပူးနောက်ခံလူဟောင်းကာရေဂါက ချန်ပီယံလိဂ်ဝင်ခွင့်သာဆုံးရှုံးသွားမယ်ဆိုရင် အသင်းမှာ အန်းစလော့ရဲ့အနာဂတ် မရှိနိုင်တော့ဘူးလို့ အခိုင်အမာပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်ကုန်၊ ဘုန်းမောက်ကိုရှုံးနိမ့်မှုနဲ့အတူ မန်ချက်စတာယူနိုက်တက်၊ ချဲလ်ဆီးတို့ရဲ့ နိုင်ပွဲတွေကြောင့် အန်းစလော့ရဲ့အသင်းက ပရီမီးယားလိဂ်အမှတ်ပေးဇယားစတုတ္ထနေရာနဲ့ နှစ်မှတ်အကွာ၊ အဆင့်-၆ နေရာဆီ ရောက်ရှိသွားပါတယ်။

လာမယ့်ဗုဒ္ဓဟူးနေ့၊ ကွာရာဘတ်နဲ့ချန်ပီယံလိဂ်ပွဲစဉ်အတွင်း ရှုံးထွက်အဆင့်ဆီ တိုက်ရိုက်တက်လှမ်းနိုင်မယ့် အခွင့်အရေးကောင်းတစ်ရပ်ရှိနေတဲ့ ကြိုးကြာနီတွေကို ကာရေဂါက လာမယ့်နှစ်၊ ဥရောပထိပ်တန်းပြိုင်ပွဲကြီးအတွက် အရည်အချင်းမပြည့်မီနိုင်ဘူးလို့ ယူဆနေပါတယ်။

Sky Sports ရဲ့ Monday Night Football အစီအစဉ်မှာ ကာရေဂါက “ ပြီးခဲ့တဲ့ရာသီ၊ အမှတ်ပေးချန်ပီယံဆုရရှိမှုအပေါ် ထောက်ရှု လိုက်မယ်ဆိုရင် ပရိသတ်တွေရဲ့ဝေဖန်မှုနဲ့ မခန့်လေးစားနိုင်မှုတွေ အများကြီးရှိနေတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့်သာမရရှိဘူးဆိုရင် အန်းစလော့အတွက် အနာဂတ်မရှိနိုင်တော့ပါဘူး။

လီဗာပူးလိုကလပ်အသင်းတစ်ခုအတွက် ပရိသတ်အဖြစ် အခုဘောလုံးရာသီမှာ လိဂ်ချန်ပီယံဆုမရရှိနိုင်ဘူး (သို့) စိန်ခေါ်နိုင်မှာမဟုတ်ဘူးဆိုတာကို လက်ခံပေးနိုင်ပါတယ်။ လုံလောက်တဲ့ကောင်းမွန်မှုမျိုးမရှိလို့ ကျွန်တော်တို့ လက်ခံပေးနိုင်ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်အနည်းငယ်အတွင်း မန်ချက်စတာယူနိုက်တက်လုပ်ပြလိုက်တဲ့အရာတွေကို မြင်တွေ့လိုက်မယ်ဆိုရင်၊ ချဲလ်ဆီးကို မြင်တွေ့လိုက်မယ်ဆိုရင် လီဗာပူးတို့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်သွားနိုင်တယ်ဆိုတာ မြင်တွေ့နိုင်ပါတယ်။ သူတို့အတွက် ကျွန်တော် အလွန်စိုးရိမ်မိပါတယ်။

လာမယ့်ရာသီအတွက် ချန်ပီယံလိဂ်ဝင်ခွင့်အကြောင်း ထိတ်လန့်မှုတွေ စတင်လာချိန် နည်းပြရဲ့အလုပ်အကြောင်းပြောတဲ့အခါ လုံးဝကွဲပြားခြားနားတဲ့အဆိုပြုချက်တစ်ခု ရှိလာပါမယ်။ ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် ချန်ပီယံလိဂ်ဝင်ခွင့်လွဲချော်တာ၊ ပေါင်သန်း ၄၅၀ အထိ သုံးစွဲထားတာ၊ ပရီးမီးယားလိဂ်ရဲ့အမြင့်မားဆုံးလုပ်ခလစာပေးချေမှုနှုန်းထားရှိနေတာတို့က သာမန်အားဖြင့် လိဂ်မှာ အဆုံးသတ်ရမယ့်နေရာကို အကြီးမားဆုံးဆုံးဖြတ်ပေးနိုင်တဲ့အချက်တွေ ဖြစ်ပါတယ်။ မေးရမယ့်မေးခွန်းတွေ အများကြီးရှိတယ်လို့ ယူဆပါတယ်”လို့ ပြောပါတယ်။

ပရီးမီးယားလိဂ်ရဲ့တောင်းဆိုမှုတွေအပေါ် စုစည်းထားတဲ့အသင်းတစ်ခုအဖြစ် မကိုင်တွယ်နိုင်တဲ့အချက်ဟာ လိဂ်မှတဆင့် ချန်ပီယံလိဂ်ဝင်ခွင့်ရယူဖို့အတွက် အဓိကအဟန့်အတားဖြစ်စေနိုင်တဲ့အရာတွေအနက် တစ်ခုဖြစ်တယ်လို့ ကာရေဂါယုံကြည်နေပါတယ်။

သူက “ လီဗာပူးအတွက် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ ကျွန်တော်စိုးရိမ်မိတဲ့အချက်သုံးခု ရှိပါတယ်။ အလွတ်တည်ကန်ဘော(set-pieces)၊ အဝေးပစ်လက်ပစ်ဘော (long throws)နဲ့ တန်ပြန်တိုက်စစ်ခုခံချိန်တွေ ဖြစ်ပါတယ်။ ပြီးတော့ လီဗာပူးလိုထိပ်တန်းကလပ်အသင်းတစ်ခုအတွက် ပြိုင်ဘက်တွေရဲ့ခံစစ်ပိတ်ဆို့မှုကို ရင်ဆိုင်ရမှာဖြစ်ပြီး ဒီလိုပုံစံပြိုင်ဘက်တွေကို မဖြိုခွဲနိုင်သေးပါဘူး။

ကျွန်တော်တို့က ပရီးမီးယားလိဂ်နဲ့မကိုက်ညီတဲ့အသင်းတစ်ခုကို မြင်တွေ့နေရပါတယ်။ ဥရောပအဆင့်မှာ အလွတ်တည်ကန်ဘောနဲ့ အဝေးပစ်လက်ပစ်ဘောတွေ အရေးကြီးတယ်လို့ မြင်မိပါသလား? No. မမြင်တေ့ွရပါဘူး။ တန်ပြန်တိုက်စစ်ရော အရေးကြီးပါသလား? အမြဲတမ်းအရေးကြီးနိုင်ပေမယ့် ဥရောပအဆင့်မှာတော့ သိပ်အရေးမကြီးပါဘူး။ ဥရောပအဆင့်မှာ ဘယ်အသင်းမှ ခံစစ်ပိတ်မကစားလို့ လီဗာပူးနဲ့ အထူးသင့်လျော်ပါတယ်။

ဒီအသင်းက ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူနိုင်သလို အင်တာမီလန်ကိုလည်း အဝေးကွင်းမှာ အနိုင်ယူနိုင်ပါတယ်။ မာဆေးလ်ကိုလည်း အဝေးကွင်းမှာ အနိုင်ယူနိုင်သလို ထိပ်ဆုံးရှစ်သင်းစာရင်းဝင်အဖြစ် ရှုံးထွက်အဆင့်ဆီ တက်လှမ်းနိုင်ပါတယ်။ ပရီးမီးယားလိဂ်အတွက်တော့ ဒီအသင်းက အဆင်သင့်မဖြစ်သေးဘူးလို့ ယူဆပါတယ်”လို့ ဆက်ပြောပါတယ်။