The network connection is lost.

Banner Image

အရည်အသွေးမြင့်ဗဟိုခံစစ်မှူးအီဖီယန်နီအန်ဒူကွီကို ခေါ်ယူမယ်လို့ အတည်ပြုလိုက်တဲ့ လီဗာပူး

လီဗာပူးအသင်းက အရည်အသွေးမြင့်ဗဟိုခံစစ်မှူးအဖြစ် သတ်မှတ်ခံထားရတဲ့ အသက်-၁၇ နှစ်အရွယ် သြစတြီးယားဗီယင်နာကစားသမား အီဖီယန်နီအန်ဒူကွီကို ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပါတယ်။ ဆယ်ကျော်သက်ကစားသမားက အလုပ်ပါမစ်ရရှိဖို့ စောင့်ဆိုင်းနေပြီး လာမယ့်နွေရာသီမှာ ကြိုးကြာနီတွေနဲ့ ပူးပေါင်းဖို့ စီစဉ်ထားပါတယ်။ အန်ဒူကွီက အသက်ခုနစ်နှစ်အရွယ်မှာပင် သြစတြီးယားဗီယင်နာနဲ့ ပူးပေါင်းခဲ့ပြီး လူငယ်အသင်းမှတဆင့်တိုးတက်လာတဲ့ပုံစံကြောင့် အန်းစလော့ရဲ့အသင်း အာရုံစိုက်မှုကို ဖမ်းစားနိုင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်ကလပ်အသင်းက “ အလုပ်လုပ်ကိုင်ခွင့်ပါမစ်ခွင့်ပြုချက်အပေါ် မူတည်ကာ သြစတြီးယားဗီယင်နာမှ အီဖီယန်နီအန်ဒူကွီကိုခေါ်ယူဖို့ မူအားဖြင့် သဘောတူညီမှုရရှိခဲ့ပါတယ်။ လာမယ့်မတ်လအတွင်း အသက်-၁၈ နှစ်ပြည့်မြောက်မယ့် သြစတြီးယားနိုင်ငံဖွားခံစစ်မှူးက နွေရာသီကာလအတွင်း ယူ-၂၁ အသင်းနဲ့ ပူးပေါင်းသွားပါမယ်။ အန်ဒူကွီက လူငယ်အဆင့်မှာ သူ့နိုင်ငံကို ကိုယ်စားပြုပြီး ၂၀၂၅ ခုနှစ်၊ ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ သူက ပွဲစဉ်တစ်ခုမှလွဲ၍ ကျန်ပွဲစဉ်အားလုံးကို ဝင်ရောက်ကစားခဲ့ပြီး ဒုတိယဆုရရှိခဲ့ပါတယ်။

ဒါ့အပြင် အန်ဒူကွီက သြစတြီးယားဗီယင်နာအရန်အသင်းရဲ့ပုံမှန်ပွဲထွက်ကစားသမားဖြစ်ပြီး အခုဘောလုံးရာသီ၊ စီနီယာအသင်းမှာလည်း ကိုးပွဲအထိ ပါဝင်ကစားခဲ့ပါတယ်”လို့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။