The network connection is lost.

Banner Image

အာဆင်နယ်ရဲ့ဆုဖလားဆွတ်ခူးနိုင်ခြေနဲ့ပတ်သက်လို့ ပွင့်ပွင့်လင်းလင်းသုံးသပ်ခဲ့တဲ့ အယ်လီမက်ကွိုက်စ်

စကော့တလန်နဲ့ ရိန်းဂျားစ်အသင်းရဲ့ဂန္ထဝင်ကစားသမား အယ်လီမက်ကွိုက်စ်က အခုဘောလုံးရာသီ၊ အာဆင်နယ်ရဲ့ချန်ပီယံဖြစ်နိုင်ခြေအပေါ် ပွင့်ပွင့်လင်းလင်း ပြောကြားလိုက်ပါတယ်။

ပရီးမီးယားလိဂ်ချန်ပီယံဆုကို အရယူဖို့ လက်ကျန်ခုနစ်ပွဲသာ လိုတော့တဲ့ ဂန်းနားတို့အတွက် မန်စီးတီးကို ကာရာဘောင်ဖလားမှာ ရှုံးနိမ့်ခဲ့မှုက အဟန့်အတားတစ်ခု ဖြစ်စေခဲ့ပါတယ်။ လောလောဆယ်မှာတော့ အာဆင်နယ်က အမှတ်ပေးဇယားဒုတိယနေရာမှာ ရှိနေတဲ့ မန်စီးတီးထက် ကိုးမှတ်အထိ အသာစီးရရှိနေပါတယ်။ တဖက်မှာလည်း မန်စီးတီးက လက်ကျန်ပွဲစဉ်တစ်ခု ကစားရဖို့ ကျန်ရှိနေသေးပြီး ဂန်းနားတွေကို အမှီလိုက်နိုင်ဖို့ အသည်းအသန် ကြိုးစားနေပါတယ်။

သုံးနှစ်ဆက်တိုက် ဒုတိယနေရာနဲ့ပဲ ကျေနပ်ခဲ့ရပြီးနောက်မှာ အာဆင်နယ်အတွက် အခုဘောလုံးရာသီ၊ အသာစီးရရှိနေမှုကို ပြန်လည်ဆုံးရှုံးလိုက်ရမယ်ဆိုရင် တကယ့်ကို ဝမ်းနည်းစရာကောင်းလိမ့်မယ်လို့ အယ်လီမက်ကွိုက်စ်က talkSPORT Bet Casino ဆီ ပြောပြခဲ့ပါတယ်။

"အာဆင်နယ်က အခြေအနေကောင်းတစ်ခုမှာ ရှိနေတယ်လို့ ကျွန်တော်ထင်ပါတယ်။ အခုလိုအချိန်မှာသာ သူတို့တွေ အခွင့်အရေးကို လက်လွှတ်လိုက်ရရင်တော့ ဒါဟာ တကယ့်ကို ကပ်ဆိုးတစ်ခုလို အကြီးအကျယ်ကျရှုံးမှု ဖြစ်လာပါလိမ့်မယ်။ ဒါကိုတော့ ငြင်းလို့မရပါဘူး။ ဟုတ်ပါတယ်၊ မန်စီးတီးက သူတို့ကို ကာရာဘောင်ဖလားဗိုလ်လုပွဲမှာ အနိုင်ယူခဲ့ပါတယ်။

အာဆင်နယ်က ဒီဘောလုံးရာသီမှာ၊ အထူးသဖြင့် ဥရောပပွဲစဉ်တွေမှာ အမှားအယွင်းမရှိသလောက်ကို ကောင်းခဲ့လို့ သူတို့တွေ ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေတာ မဆန်းပါဘူး။ 

ဒါပေမဲ့ တစ်ခုရှိတာက ဒီလိုပြိုင်ပွဲမျိုးမှာ ရေပန်းစားတယ်ဆိုတာ ဘာမှ အဓိပ္ပာယ်မရှိသေးပါဘူး။ ဘာလို့လဲဆိုတော့ ထိပ်တန်းအသင်းလေးငါးခုက သူတို့ ခြေစွမ်းပြနိုင်တဲ့နေ့ဆိုရင် တစ်သင်းနဲ့တစ်သင်း အချိန်မရွေးအနိုင်ယူနိုင်စွမ်း ရှိလို့ပါပဲ။ မန်စီးတီးနဲ့ပွဲမှာ အောက်အသင်းလို့သတ်မှတ်ထားတဲ့ ရီးရဲလ်မက်ဒရစ်က အနိုင်ယူပြသွားတာကို ကျွန်တော်တို့ တွေ့ခဲ့ရပြီးပြီလေ။

အခုအချိန်မှာတော့ အာဆင်နယ်က ရေပန်းအစားဆုံး ဖြစ်နေတာ မှန်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ကို ယုံပါ၊ ထိပ်တန်း ငါးသင်းအနက် ဘယ်သူမဆို ချန်ပီယံဖြစ်သွားနိုင်ပါတယ်။ ဒါပေမဲ့ ပရီးမီးယားလိဂ်မှာတော့ အာဆင်နယ်က ရေပန်းအစားဆုံးပါပဲ၊ သူတို့ပဲ ချန်ပီယံဖြစ်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်" လို့ ၎င်းက ဆိုပါတယ်။

ဧပြီလအတွင်းမှာတော့ အာဆင်နယ်က မန်စီးတီးရဲ့ အီတီဟတ်ကွင်းဆီ သွားရောက်ကစားရဖို့ရှိနေပြီး ဒီပွဲစဉ်ကို ချန်ပီယံဆုအတွက် အဆုံးအဖြတ်ပေးနိုင်မယ့် အခိုက်အတန့်အဖြစ် ရှုမြင်ရဖွယ်ရှိပါတယ်။

အာတီတာရဲ့အသင်းက အဲဒီပွဲစဉ်မှာ အနိုင်ရမယ်ဆိုရင် ဆယ်စုနှစ်နှစ်ခုစာ ဝေးကွာနေတဲ့ အမှတ်ပေးချန်ပီယံဖလားလက်မဲ့ဖြစ်နေမှုကို အဆုံးသတ်သွားနိုင်ဖွယ် ရှိပါတယ်။