The network connection is lost.

Banner Image

ဂါနာကိုအနိုင်ယူခဲ့တဲ့ပွဲစဉ်အပြီး နာဂယ်စ်မန်းရဲ့ ချီးကျူးမှုကို ရရှိခဲ့တဲ့ လန်နတ်ကားလ်

ဒီနွေရာသီမှာကျင်းပမယ့် ကမ္ဘာ့ဖလားအတွက် ဂျာမနီအသင်းလူစာရင်းမှာ လန်နတ်ကားလ် ပါဝင်လာနိုင်ခြေနဲ့ ပတ်သက်ပြီး ပြောဆိုမှုတွေ အများကြီးရှိနေပါတယ်။ ဒါပေမဲ့ ဂါနာကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာတော့ သူက အဲဒီအခွင့်အရေးကို ပိုပြီး အားကောင်းလာအောင် လုပ်ပြနိုင်ခဲ့ပါတယ်။

"လန်နတ်ကားလ်က မတ်လ၊ နိုင်ငံတကာသီတင်းပတ်အတွက် ပွဲစဉ်နှစ်ခုလုံးမှာ အထင်ကြီးစရာကောင်းတဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပါတယ်။ သူက တကယ်ကိုထူးချွန်တဲ့ ကစားသမားတစ်ဦးပါ" လို့ စတုဂတ်မှာယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်အပြီး သတင်းစာရှင်းလင်းပွဲမှာ ဂျာမနီအသင်းနည်းပြနာဂယ်စ်မန်းက ပြောကြားခဲ့ပါတယ်။

"ဒီည ဂါနာနဲ့ပွဲစဉ်မှာ သူပြသခဲ့တဲ့အရာက ရှေ့ကိုခြေလှမ်းသစ်တစ်လှမ်း တိုးလိုက်တာပါပဲ။ အခု ကျွန်တော်မျှော်လင့်တာကတော့ သူကိုယ်တိုင် ဆက်ပြီး နှိမ့်ချမှုရှိရှိနဲ့ အစွမ်းကုန်ကြိုးစားသွားဖို့နဲ့ ဘိုင်ယန်မြူးနစ်အသင်းမှာလည်း ပွဲထွက်ကစားခွင့်တွေ ပိုရလာဖို့ပါပဲ" လို့ ဆိုပါတယ်။

"အခု မတ်လစခန်းသွင်းလေ့ကျင့်မှုမှာ ရှိနေတဲ့ လူငယ်ကစားသမားတွေအနက် သူက အကောင်းဆုံးတွေထဲမှာ ပါဝင်ပါတယ်" လို့ နာဂယ်စ်မန်းက ထပ်လောင်းပြောကြားခဲ့ပြီး အသက် ၁၈ နှစ်အရွယ်လူငယ်ပါရမီရှင်အပေါ် သူဘယ်လောက်အထိ အထင်ကြီးလေးစားနေသလဲဆိုတာ ပြသခဲ့ပါတယ်။

နာဂယ်စ်မန်းပြောတဲ့အတိုင်းပါပဲ၊ လန်နတ်ကားလ်က လူစားလဲဝင်ရောက်လာပြီး ညာတောင်ပံမှာ မိနစ် ၃၀ ကြာ အစွမ်းပြကစားနိုင်ခဲ့ပါတယ်။