The network connection is lost.

Banner Image

လီဗာပူးနဲ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ ကူဆာနော့ဗ်ကို လင်ဒါးစ် ချီးကျူး

မန်ချက်စတာစီးတီးအသင်းရဲ့ လက်ထောက်နည်းပြဖြစ်သူ ပက်လင်ဒါးစ်ဟာ လီဗာပူးအသင်းကို အနိုင်ရရှိခဲ့တဲ့ FA ဖလား ကွာတားဖိုင်နယ်ပွဲစဉ်အပြီးမှာ အက်ဘ်ဒူကိုဒီယာ ကူဆာနော့ဗ်ကို အလွန်အမင်း ချီးကျူးစကား ပြောကြားခဲ့ပါတယ်။

စနေနေ့က အီတီဟတ်ကွင်းမှာ မန်စီးတီးအသင်းက ၄ ဂိုး - ဂိုးမရှိနဲ့ အပြတ်အသတ် အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဒီနောက်ခံလူဟာ အထင်ကြီးစရာကောင်းတဲ့ ခြေစွမ်းကို ပြသနိုင်ခဲ့တာဖြစ်ပါတယ်။

"လေ့ကျင့်ရေးကွင်းမှာဖြစ်ဖြစ်၊ လူသွားလမ်းမှာဖြစ်ဖြစ် ကူဆာ (Khusa) ကို မြင်တိုင်း ကျွန်တော်က 'မြန်လိုက်တာ' လို့ အမြဲပြောဖြစ်ပါတယ်။ သူက တကယ်ကို မြန်ပါတယ်။ ဒါပေမဲ့ သူက တည်ငြိမ်မှုလည်း ရှိတယ်" လို့ ပွဲအပြီးမှာ လင်ဒါးစ်က ပြောပါတယ်။

"သူက အသိဉာဏ်ရှိရှိနဲ့ ကာကွယ်ကစားနိုင်သူပါ။ နောက်တန်းမှာ အခုလို အရှိန်အဟုန်ပြင်းပြင်းနဲ့ ကစားနိုင်တဲ့သူရှိတာက အသင်းအတွက် အများကြီး အထောက်အကူဖြစ်စေပါတယ်"

"ဒီနေ့ပွဲမှာ နောက်တန်းကစားသမား လေးယောက်စလုံးဟာ ပြိုင်ဘက်တွေက လူအင်အားအများကြီးနဲ့ အတွင်းထဲအထိ ထိုးဖောက်ဖို့ ကြိုးစားလာတာတွေကို ဘယ်လိုမျိုး ကိုင်တွယ်ဖြေရှင်းသွားတယ်၊ တိုက်စစ်ဆင်လာမှုတွေကို ဘယ်လို ထိန်းချုပ်သွားတယ်ဆိုတာတွေက တကယ်ကို ကောင်းမွန်ခဲ့ပါတယ်။ နောက်တန်းကို မြင့်မြင့်ထားပြီး ကစားနိုင်ခဲ့တာကလည်း ချီးကျူးစရာပါ"

"သူတို့ လေးယောက်စလုံး တကယ်ကို ကောင်းကောင်း ကစားနိုင်ခဲ့ကြပါတယ်။ ပထမပိုင်း ဂိုးကန်ထွက်ချက်တွေမှာ ထွက်ပေါက်မရှိဖြစ်နေချိန်မှာတောင် သူ (ခူဆာနော့ဗ်) က ကွင်းလယ်အထိ တက်လာပြီး တာဝန်ယူ ကစားပေးခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်"

"သူက တဖြည်းဖြည်းနဲ့ တိုးတက်လာနေပါပြီ၊ ဆက်လက်ပြီးတော့လည်း ဒီထက်ပိုတိုးတက်အောင် ကြိုးစားသွားဖို့ လိုပါတယ်။ သူက အလားအလာကောင်းတွေ အများကြီးရှိတဲ့ လူငယ်ကစားသမားတစ်ယောက်ပါ။ အခုလို အဆင့်အတန်းမျိုးကို တက်လှမ်းလာနိုင်မယ့် ကစားသမားသစ်တွေ အများကြီး ရှိပါသေးတယ်" လို့ လင်ဒါးစ်က ဆိုပါတယ်။