The network connection is lost.

Banner Image

ဆာလက်နေရာမှာ အစားထိုးဖို့ လိုက်ပ်ဇစ်ကြယ်ပွင့်ကို ထိပ်တန်းပစ်မှတ်အဖြစ် သတ်မှတ်လိုက်တဲ့ လီဗာပူး

Sky Germany ရဲ့ အဆိုအရ လီဗာပူးအသင်းဟာ လိုက်ပ်ဇစ်အသင်းမှာ ခြေစွမ်းပြနေတဲ့ ယန်ဒီယိုမန်ဒီကို မိုဆာလက်ရဲ့နေရာမှာ အစားထိုးဖို့ နံပါတ်တစ်ပစ်မှတ် အဖြစ်သတ်မှတ်လိုက်ကြောင်း သိရပါတယ်။

လာမယ့်နွေရာသီ ဒီယိုမန်ဒီကို ခေါ်ယူဖို့အတွက် လီဗာပူးအသင်းတာဝန်ရှိသူတွေအားလုံးက သဘောတူခွင့်ပြုထားပြီးသား ဖြစ်ပါတယ်။

ကစားသမားရဲ့ကိုယ်စားလှယ်အသစ်ဖြစ်တဲ့ Roc Nation Sports နဲ့ လက်တွေ့ကျကျ ဆွေးနွေးမှုတွေ လုပ်ဆောင်နေပေမဲ့ အခုထိတော့ သဘောတူညီမှု တစ်စုံတစ်ရာမရသေးပါဘူး။

ဒါ့အပြင် လက်ရှိ ဘွန်ဒက်စ်လီဂါ အဆင့် ၃ နေရာမှာ ရှိနေတဲ့ လိုက်ပ်ဇစ်အသင်းနဲ့လည်း လီဗာပူးဘက်က တရားဝင် ဆွေးနွေးမှုတွေ မစတင်ရသေးပါဘူး။

လိုက်ပ်ဇစ်အသင်းကတော့ ဒီယိုမန်ဒီကို လစာတိုးပေးပြီး စာချုပ်သက်တမ်းတိုးဖို့ ဆန္ဒရှိနေတယ်လို့ မတ်လကုန်ပိုင်းတုန်းက သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

လူးဝစ် ကမ်းပို့စ်ဦးဆောင်တဲ့ ပီအက်စ်ဂျီအသင်းကလည်း ဒီယိုမန်ဒီကို ခေါ်ယူဖို့ ပြိုင်ပွဲထဲမှာ ပါဝင်နေပြီး အိုင်ဗရီကို့စ်တောင်ပံကစားသမားရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ထားပြီးသား ဖြစ်ပါတယ်။

ဒီယိုမန်ဒီက ဒီနှစ်ရာသီ ဘွန်ဒက်စ်လီဂါမှာ လိုက်ပ်ဇစ်အတွက် ၂၉ ပွဲ ကစားထားပြီး ၁၂ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၅ ကြိမ် ပြုလုပ်ထားပါတယ်။