The network connection is lost.

Banner Image

မန်စီးတီးကို ၁-၀ နဲ့သာရှုံးနိမ့်ခဲ့ပေမယ့် ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားရတဲ့ ဘန်လေ

ဗုဒ္ဓဟူးနေ့ညက ကစားခဲ့တဲ့ပွဲမှာ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နေတဲ့ မန်ချက်စတာစီးတီးအသင်းကို အိမ်ကွင်းမှာ ၁ ဂိုး - ၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ဘန်လေအသင်းဟာ ပရီးမီးယားလိဂ်မှာ တစ်ရာသီပဲ ကစားခဲ့ရပြီး တန်းဆင်းသွားခဲ့ရပြီ ဖြစ်ပါတယ်။

ပွဲစဉ်ရဲ့ ပထမပိုင်းမှာ အာလင်းဟာလန်း သွင်းယူပေးခဲ့တဲ့ ဂိုးကြောင့်ပဲ ပက်ဂွါဒီယိုလာရဲ့အသင်းဟာ အနိုင်ရရှိခဲ့တာဖြစ်ပြီး အာဆင်နယ်အသင်းကို ကျော်ဖြတ်ကာ ပရီးမီးယားလိဂ်ဇယားထိပ်ဆုံးကို ရောက်ရှိသွားခဲ့ပါတယ်။

ဒါပေမဲ့ ဒီရလဒ်ကြောင့် စကော့ပါတ်ကာရဲ့ ဘန်လေအသင်းဟာ ရာသီကုန်ဖို့ ၄ ပွဲပဲ ကျန်တော့တဲ့အချိန်မှာ ရမှတ် ၂၀ ပဲ ရှိပါတော့တယ်။ ဒါဟာ တန်းမဆင်းရဘဲ လွတ်မြောက်ဖို့အတွက် လုံးဝမဖြစ်နိုင်တော့တဲ့ အမှတ်ကွာဟချက်လည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဘန်လေ (The Clarets) ဟာ တန်းမဆင်းရမယ့်နေရာနဲ့ ၁၃ မှတ်အထိ ကွာဟနေတာပါ။ အဆင့် (၁၈) နေရာမှာရှိတဲ့ တော့တင်ဟမ်ဟော့စပါးက ၃၁ မှတ် ရရှိထားပြီး ဝက်စ်ဟမ်းအသင်းကတော့ ၃၃ မှတ်နဲ့ တန်းဆင်းဇုန်ရဲ့အထက်မှာ ကပ်ပြီး ရှိနေပါတယ်။