အက်စတွန်ဗီလာရဲ့ အလွတ်တည်ကန်ဘောဂုရုကြီးကို ခေါ်ယူဖို့ ဆွေးနွေးနေတဲ့ ချဲလ်ဆီး
ချဲလ်ဆီးအသင်းက အက်စတွန်ဗီလာအသင်းရဲ့ နာမည်ကျော် အလွတ်တည်ကန်ဘော (set-piece)နည်းပြ အော်စတင်မက်ဖီးကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ ဒါပေမဲ့ မက်ဖီးကို အခြား ပရီးမီးယားလိဂ်ကလပ်အသင်းတွေနဲ့ ဆော်ဒီပရိုလိဂ်ကလပ်အသင်းတွေလည်း အပြိုင်အဆိုင် စိတ်ဝင်စားနေကြပါတယ်။
မက်ဖီးရဲ့စာချုပ်ထဲမှာ စာချုပ်ဖျက်သိမ်းကြေး (release clause) အတိအကျပါဝင်လို့ သူ့ကို ခေါ်ယူမယ်ဆိုရင် အက်စတွန်ဗီလာအသင်း နစ်နာကြေး ရရှိပါလိမ့်မယ်။
အသက် ၄၆ နှစ်အရွယ်စကော့တလန်လူမျိုးနည်းပြက ဗီလာပတ်ခ်မှာ တာဝန်ယူနေသလိုပဲ ဗီလာပတ်မှာ တာဝန်ယူနေသလိုပဲ ရောဘတ်တိုမာတီနက်ဇ်လက်အောက်၊ ပေါ်တူဂီလက်ရွေးစင်အသင်းရဲ့ တည်ကန်ဘောနည်းပြအဖြစ်လည်း ငါးနှစ်ကြာ ပူးတွဲတာဝန်ယူခဲ့ပါတယ်။ မာတီနက်ဇ်ကတော့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ရာထူးမှ နုတ်ထွက်သွားပါတယ်။
အက်စတွန်ဗီလာက ၂၀၂၃-၂၀၂၄ ဘောလုံးရာသီမှာ ဥရောပထိပ်တန်းလိဂ်ငါးခုအနက် တည်ကန်ဘောမှတဆင့် ဂိုးအများဆုံးသွင်းယူနိုင်တဲ့ ကလပ်အသင်း ဖြစ်ခဲ့ပါတယ်။ နောက်ဘောလုံးရာသီမှာလည်း ဒီစာရင်းရဲ့ထိပ်ပိုင်းငါးနေရာအတွင်း အက်စတွန်ဗီလာ ဆက်ရှိနေသလို ယမန်နှစ်ဘောလုံးရာသီမှာတော့ အာဆင်နယ်နဲ့အပြိုင် တည်ကန်ဘောမှတဆင့် ဂိုးအများဆုံးသွင်းယူနိုင်တဲ့ ပရီးမီးယားလိဂ်ကလပ်အသင်းအဖြစ် ပူးတွဲရပ်တည်နိုင်ခဲ့ပါတယ်။
နည်းပြအူနိုင်းအမ်မရီလက်အောက် အက်စတွန်ဗီလာအသင်းကို ယူရိုပါလိဂ်ချန်ပီယံဆုနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် ကူညီပေးပြီးနောက် အခုနွေရာသီ၊ အက်စတွန်ဗီလာမှ ထွက်ခွာမယ့် ဝန်ထမ်းတွေအနက် မက်ဖီးလည်း ပါဝင်လာနိုင်ပါတယ်။
လတ်တလောမှာ ချဲလ်ဆီးနည်းပြသစ်ဇာဘီအလွန်ဆိုရဲ့ နည်းပြအဖွဲ့အတွင်း နေရာလွတ်တစ်ခု ရှိနေပါတယ်။ ယခင်တည်ကန်ဘောနည်းပြဖြစ်တဲ့ ကျူအီဗာက အသင်းရဲ့စီမံခန့်ခွဲမှုအပိုင်းမှာ ပြောင်းလဲတာဝန်ယူဖို့ ရှိနေလို့ အခုလိုနေရာလွတ်ပေါ်ပေါက်လာရခြင်း ဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းက အခုသီတင်းပတ်အတွင်း အက်စတွန်ဗီလာမှ မော်ဂန်ရိုဂျာစ်ကို ပေါင် ၁၁၇ သန်းဖြင့် ခေါ်ယူခဲ့သလို အပြန်အလှန်သဘောတူညီမှုအဖြစ် အက်စတွန်ဗီလာဆီ ဂါနာချိုကို အပြီးသတ်ဝယ်ယူနိုင်မယ့် အခွင့်အရေးပါဝင်တဲ့ အငှားစာချုပ်ဖြင့် ပြန်လည်စေလွှတ်ခဲ့ပါတယ်။