The network connection is lost.

Banner Image

တောင်အမေရိကထိပ်သီးကလပ်အသင်းကို ဝယ်ယူဖို့ ချိတ်ဆက်နေတဲ့ မန်စီးတီးအသင်းပိုင်ရှင်များ

မန်စီးတီးအသင်းပိုင်ရှင်တွေက ကိုလံဘီယာထိပ်သီးကလပ် မီလွန်နာရီယို့စ်ကို City Football Group (CFG) လက်အောက် ထည့်သွင်းနိုင်ရေးအတွက် ဝယ်ယူသွားဖို့ ချိတ်ဆက်နေတယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။
 
ကိုလံဘီယာပြည်တွင်းသတင်းဌာန El Futbolero ရဲ့အဆိုအရ City Football Group က မီလွန်နာရီယို့စ်ကို ဝယ်ယူသွားဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

တောင်အမေရိကဘောလုံးလောကမှာ နောက်ထပ်ခြေကုပ်စခန်းတစ်ခု တည်ဆောက်ဖို့ကြိုးပမ်းနေတဲ့ CFG က ယူရို သန်း ၉၀ (ပေါင် ၇၈ ဒဿမ ၅ သန်း) တန်ကြေးရှိ ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ထားတယ်လို့လည်း ဒီသတင်းတွေမှာ ဖော်ပြထားပါတယ်။
 
လက်ရှိ CFG ရဲ့ထိန်းချုပ်မှုအောက်မှာ တောင်အမေရိကကလပ်တွေဖြစ်တဲ့ ဘာဟီယာ၊ ကလပ်ဘိုလီဗာနဲ့ မွန်တီဗီဒီယိုစီးတီးတော်ကွီ အပါအဝင် စုစုပေါင်း ကလပ်အသင်း ၁၂ ခုအထိ ရှိနေပါတယ်။
 
မီလွန်နာရီယို့စ်က ကိုလံဘီယာပရီးမီးယားအေချန်ပီယံဆုကို ၁၆ ကြိမ်အထိ ဆွတ်ခူးထားပြီး ကိုလံဘီယာ‌ဘောလုံးလောကရဲ့ အအောင်မြင်ဆုံးကလပ်အသင်းတွေအနက် တစ်ခု ဖြစ်ပါတယ်။