ကာရစ်ကို ယူနိုက်တက်ရဲ့အမြဲတမ်းနည်းပြအဖြစ် ဘာကြောင့်မခန့်အပ်သင့်သလဲ ရှင်းပြလာတဲ့ ပေါလ်စခိုးလ်
မန်ချက်စတာယူနိုက်တက်ဂန္ထဝင်ကွင်းလယ်လူဟောင်း ပေါလ်စခိုးလ်က လက်ရှိမှာ အသင်းကို ရလဒ်ကောင်းတွေတောက်လျှောက်ဖော်ဆောင်ပေးထားနိုင်တဲ့ ယာယီနည်းပြသစ် မိုက်ကယ်ကာရစ်ကို အမြဲတမ်းနည်းပြအဖြစ် ဘာကြောင့်မခန့်အပ်သင့်သလဲ ရှင်းပြလာခဲ့ပါတယ်။
ကာရစ်ဟာ လက်ရှိအချိန်မှာ ယူနိုက်တက်ကို ယခုနှစ်ရာသီကုန်အထိ နည်းပြအဖြစ်ဦးဆောင်သွားဖို့ ခန့်အပ်ခံထားရပြီး ပထမဆုံးကိုင်တွယ်တဲ့ ၂ ပွဲမှာတင် မန်စီးတီးနဲ့ အာဆင်နယ်တို့ကို အနိုင်ယူခဲ့တာကြောင့် အမြဲတမ်းနည်းပြအဖြစ်ခန့်အပ်ခံရဖို့ အလားအလာကောင်းတွေတွေပိုင်ဆိုင်ထားပါတယ်။
ရာသီကုန်ပါကလည်း ကာရစ်ကို ရာထူးမှမထုတ်ပယ်ဘဲ အမြဲတမ်းနည်းပြအဖြစ်ခန့်အပ်ဖို့ အကြံပေးမှုတွေရှိနေပေမယ့် ကလပ်ဂန္ထဝင် ပေါလ်စခိုးလ်ကတော့ "သူ ဒီရာသီထူးကိုလက်ခံလိုက်ချိန်မှာ ယူနိုက်တက်က တစ်နှစ်ပတ်လုံး တော်တော်လေးအခြေအနေဆိုးရွားခဲ့ပြီး ဒီထက်ပိုမဆိုးနိုင်တော့တဲ့အခြေအနေပါ။ ဒါကြောင့် ယာယီနည်းအဖြစ် တာဝန်ယူရတာက သူ့အတွက် ဖိအားသိပ်မရှိလှပါဘူး"
"ဒါပေမယ့် နောက်ရာသီအစမှာပဲ သူ့အနေနဲ့ အမြဲတမ်းနည်းပြအဖြစ် စတင်တာဝန်ယူလိုက်ပြီဆိုတာနဲ့ ပွဲတွေကို ချက်ချင်းအနိုင်ရအောင်လုပ်ရတော့မယ်ဆိုတဲ့ ဖိအားတွေ ဝင်လာမှာပါ။ ယူနိုက်တက်က အိုလီဂန်နာဆိုးလ်ရှားလက်ထက်မှာ သာဓကတွေရှိနေခဲ့လို့ အသင်းရဲ့ကစားသမားဟောင်းတွေနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေရှိနေလောက်ပါတယ်"
"တကယ်လို့ အိုလီတုန်းကလို ဖြစ်ရပ်မျိုးမရှိခဲ့ရင် ကာရစ်အနေနဲ့ အမြဲတမ်းနည်းပြဖြစ်လာဖို့ ပိုပြီးအခွင့်အရေးရှိပါတယ်။ ဒါပေမယ့် နွေရာသီမှာ ကာရစ်က သောမတ်စ်တူချယ်လ်လိုနည်းပြမျိုးနဲ့ ယှဉ်ပြိုင်ရမယ်ဆိုရင်တော့ ကလပ်အသင်းကြီးတွေကိုကိုင်တွယ်တဲ့အပိုင်း၊ ဆုဖလားအောင်မြင်မှုရယူနိုင်တဲ့အပိုင်းတွေမှာ ယှဉ်ပြိုင်နိုင်စွမ်းမရှိပါဘူ။ ဒါကြောင့် ယူနိုက်တက်အနေနဲ့ ကာရစ်ကို အမြဲတမ်းနည်းပြအဖြစ် ရွေးချယ်ခန့်အပ်ဖို့ ခက်ခဲနိုင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။