The network connection is lost.

Banner Image

ကစားသမားတွေကိုယ်တိုင် လီဗာပူးအသင်းရဲ့ဂုဏ်သိက္ခာနဲ့အညီ မစွမ်းဆောင်နိုင်ခဲ့ဘူးလို့ ဝန်ခံလိုက်တဲ့ မက်အယ်လစ္စတာ

လီဗာပူးအသင်းက အခုဘောလုံးရာသီမှာ သတ်မှတ်စံနှုန်းတွေအောက် ရောက်နေခဲ့တယ်လို့ မက်အယ်လစ္စတာက ဝန်ခံပြောကြားလိုက်ပါတယ်။

အန်ဖီးလ်ကွင်းမှာကစားခဲ့တဲ့ ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ရှုံးနိမ့်မှုအပြီး အာဂျင်တီးနား ကွင်းလယ်လူက သူတို့ရဲ့ စိတ်ပျက်စရာကောင်းတဲ့ ရာသီအကြောင်းကို ပြန်လည်သုံးသပ်ခဲ့ပါတယ်။

လီဗာပူးက ပြင်သစ်ဘီလူးကြီးကို နှစ်ကျော့ပေါင်းရလဒ် ၄-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး မက်အယ်လစ္စတာက Sport TV ကို အခုလို ပြောကြားခဲ့ပါတယ်။ "ဒုတိယအကျော့ပွဲစဉ်က ပထမအကျော့နဲ့ မတူပါဘူး၊ ကျွန်တော်တို့ ပိုပြီး ပြင်းပြင်းထန်ထန် ကစားခဲ့တယ်၊ ပြိုင်ဘက်ကို ဖိအားပေးဖို့ ကြိုးစားခဲ့သလို အခွင့်အရေးတွေလည်း ရခဲ့ပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ ရင်ဆိုင်ခဲ့ရတာက ကမ္ဘာ့အကောင်းဆုံးအသင်းပါ"

"ရလဒ်ကတော့ ထွက်ပေါ်ခဲ့တဲ့အတိုင်းပါပဲ၊ ပြိုင်ဘက်အသင်းကိုလည်း ဂုဏ်ပြုသွားရပါမယ်"

“ဒါက ခက်ခဲပြီး စိန်ခေါ်မှုများတဲ့ ဘောလုံးရာသီတစ်ခုဆိုတာ ထင်ရှားပါတယ်။ အကယ်၍ ရာသီအစမှာ ကျွန်တော့်ကို ဘာတွေမျှော်လင့်ထားလဲလို့ မေးခဲ့ရင် ဒီအသင်းက ဆုဖလားတွေအတွက် တိုက်ပွဲဝင်ပြီး အောင်မြင်မှုတွေ ရယူနိုင်လိမ့်မယ်လို့ ကျွန်တော် ဖြေခဲ့ပါလိမ့်မယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ဘဲ အဲဒီလို ဖြစ်မလာခဲ့ပါဘူး"

“ကျွန်တော်တို့ ဆက်ပြီး ကြိုးစားသွားရပါမယ်၊ ဘာလို့လဲဆိုတော့ ဒီနှစ်မှာ ပြသခဲ့တဲ့ခြေစွမ်းတွေက အသင်းရဲ့ဂုဏ်သိက္ခာနဲ့ မတန်လို့ပါပဲ။ ဟုတ်ပါတယ်၊ ကျွန်တော်တို့ ဒီယိုဂိုဂျိုတာကို သတိရမိပါတယ်၊ အဲဒါက ခက်ခဲတဲ့ အချိန်တစ်ခုပါ၊ ဒါပေမဲ့ သူ့ကို ဆင်ခြေတစ်ခုအဖြစ် သုံးလို့မရပါဘူး"

“ဒါကြောင့်ပဲ ဒီနှစ်က ကျွန်တော်တို့အတွက် အရမ်းခက်ခဲသွားတယ်လို့လည်း ကျွန်တော် မယုံကြည်ပါဘူး” လို့ ၎င်းက ဆိုခဲ့ပါတယ်။