အမ်းမရိတ်စ်ကွင်းနိုင်ပွဲနဲ့အတူ TOP 4 စာရင်းဝင်ရောက်လာတဲ့ ယူနိုက်တက်
အာဆင်နယ် ၂-၃ မန်ချက်စတာယူနိုက်တက် (ပွဲပြီးရလဒ်)
အင်္ဂလန်ရဲ့ထိပ်တန်းကလပ်အသင်းနှစ်ခုထိပ်တိုက်တွေ့ဆုံမှုမှာ သွင်းဂိုးတွေနဲ့မြိုင်ဆိုင်ခဲ့ပြီး အကြိတ်အနယ်ရှိဲတဲ့ပွဲစဉ်တစ်ခုကို မြင်တွေ့ခဲ့ရပါတယ်။ အခုပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အတွင်း လီဆန်ဒရိုမာတီနက်ဇ်ရဲ့O.Gနဲ့အတူ အိမ်ရှင်တို့ဦးဆောင်ဂိုးရရှိခဲ့ပေမယ့် မိနစ်ပိုင်းအကြာမှာပဲ အမ်ဘွေမိုက ချေပဂိုးသွင်းယူခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်စတင်ပြီး မကြာခင်မှာပဲ ဒေါဂူရဲ့လှပတဲ့ကန်ချက်နဲ့အတူ ဧည့်သည်တို့ပွဲစဉ်ကို ပြန်လည်ဦးဆောင်လာခဲ့ပြီး ပွဲချိန်နှောင်းပိုင်းမှာ လူစားဝင်ကစားသမားမီရီနိုက အိမ်ရှင်တွေအတွက် ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒါပေမဲ့ မိနစ်ပိုင်းအကြာမှာပဲ ဂန်းနားတွေအတွက်ကံဆိုးမှုက ကွန်ဟာရဲ့လှပတဲ့အဝေးကန်ချက်နဲ့အတူ ရောက်ရှိလာခဲ့ပြီး အခုပွဲစဉ်အတွက် အဆုံးအဖြတ်အနိုင်ဂိုးကို ခွင့်ပြုပေးလိုက်ရပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် နည်းပြသစ်ကာရစ်လက်အောက် ယူနိုက်တက်က ပရီးမီးယားလိဂ်အင်အားကြီး မန်စီးတီးနဲ့ အာဆင်နယ်တို့ကို ဆက်တိုက်အနိုင်ယူပြီး အမှတ်ပေးဇယားထိပ်ဆုံးလေးသင်းစာရင်းဆီ ဝင်ရောက်လာပါတယ်။ တဖက်မှာတော့ အာဆင်နယ်က မန်စီးတီးထက် လေးမှတ်အသာဖြင့် အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နေပါတယ်။